အရာရာရာဟာပြီးပြည့်ဆုံနေပါပြီ သူ့မှာအရမ်းချစ်ရတဲ့သူရယ် သူ့ကိုချစ်တဲ့မိဘတေရယ် အမ်းးးးနောက်ပြီးချစ်ဖို့ကောင်းတဲ့မင်ဟိုလေးရယ်ပေါ့
အချိန်တေဟာကြာမြင့်လာခဲ့တာအခုဆို နှစ်နှစ်တောင်ရှိခဲ့ပြီ သူ့ရဲ့ကြီးမေတို့မိသားစုကလည်းဘာဖြစ်တယ်မသိ အဲ့အချိန်ကဆို သူတို့ဘာသာခွဲထွက်ပြီးနေတော့မယ် သူတို့မနှောက်ယှက်တော့ပါဘူးတဲ့
အဲ့အချိန်ကစပြီး သူတို့ဘာသာခွဲထွက်သွားတာ အခုဆိုသူ့ယောက်ကျားကလည်းလောင်းကစားဆိုလုံးဝမဆော့တော့ဘူး သူ့သမီးတေကလည်း အလုပ်ကြိုးစားပြီးစည်းလုံးညီညွတ်လာတော့ ပြန်အဆင်ပြေလာကြတယ်
သူတို့ပေါင်ထားရတဲ့လယ်ယာတေတောင်ပြန်ရွေးထားပြီးနေပြီ သူ့သမီးတေကိုလည်းမြို့ကိုပညာသင်ဖို့လွှတ်နိုင်ပြီလေ ပိုက်ဆံရှိနေတော့။
hobiတို့အတွဲကတော့ ရွာမှာဘဲအခြေချနေကြတယ် ရွာကကျောင်းမှာဘဲကလေးတေကိုပညာသင်ပေးနေပြီးသူ့အမေကိုပြုစုစောက်ရှောက်ပေးတယ်
hobiရဲ့ယောက်ကျားKimtaehyungကတော့ ရွာမှာဘဲသူ့ချစ်ရသူနဲ့အတူနေတယ် အလုပ်ကိစ္စတေကိုတော့ လိုင်းပေါ်ကနေဘဲဖြေရှင်းတယ်။
hobiမှာ သူ့အမေကို Taehyung အကြောင်းပြောတုန်းကဆို hobiအမေမှာ အံ့သြပြီးမေ့လဲမတက်ဘဲ။ နောက်မှTaehyungကမြို့ကိုမသွားဘဲ hobiနဲ့သာရွာမှာအတူနေပြီး hobiကိုအသက်ထက်ဆုံးစောက်ရှောက်ပေးသွားပါ့မယ်ဆိုပြီး ကတိခံတော့hobiရဲ့အမေကသဘောတူလာတယ်
ဒါတောင်သိပ်သဘောမတူချင်ဘူး Taehyung ကရွာမှာ hobiကိုအမြဲအလိုလိုက်ပြီးချစ်မြတ်နိုးပေးတော့မှ နောက်ဆုံးအင်တင်တင်နဲ့သဘောတူလိုက်ရသည်။
သူကတော့ အစ်ကိုမင်ကိုယ်တိုင်သူ့အမေတို့ကိုလာဝန်ခံခဲ့သည်။ အမေတို့ကိုအကြောင်းစုံအကုန်ပြောပြတော့ အမေတို့ကစိုးရိမ်အံ့သြလာကြသည်။
(သူတို့သားလေးကအရမ်းကိုဖြူစင်လွန်းတယ် အလုပ်အကြွေးရှင်မို့လို့ယောက်ကျားလေးချင်းလက်ထက်ယူကာ သူတို့သားလေးရေနစ်မှာအရမ်းစိုးရိမ်မိသည်။)
ESTÁS LEYENDO
Secretary Jeon 🍒(completed)
AcciónOther : သွေးအေးပြီးရက်စက်လွန်းတဲ့ CEO Boss ကမင်းကို ရုတ်တရက်အရမ်းအလိုလိုက်ပြီး နူးညံ့စွာရယ်ပြနေတယ်ဆိုရင်ရော... jk: "ထွေထွေထူးထူးမရှိနိုင်ပါဘူး........အလုပ်ရှင်ဆိုတာဝန်ထမ်းတေကို.....ဂရုစိုက်တာပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါဘဲ" Other : နောက်ပြီး ceoကြီးရ...