part 19(အလုပ်ထွက်စာ)

262 24 10
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးများသာဖြစ်သည်။

"ကျွန်တော့ .........ကျွန်တော့အမှားပါဗျာ.......သမီးမိုက်ကိုအလိုလိုက်မိခဲ့တာ"

အသက်လက်ရွယ်လူကြီးက      ဘယ်လောက်ဘဲရိုရိုကျိုးကျိုးပြောပါစေ      သူ့ရှေ့ကသူကတော့        ဂရုမစိုက်သလို       Cigarette ကိုလက်ကြားညှပ်ကာ        တခြားလက်တဖက်ကို     စားပွဲခုံပေါ်၌ စီးချက်ညီညီ     ခေါက်နေသည်

လေထုကအလွန်ဖိအားများကာ      အေးစက်နေပြီးစားပွဲပေါ်      တခါခေါက်လိုက်သည်နှင့်      လူလက်ပိုင်းလူဟာတော့     ထိုအသံဟာ      သူ့အတွက်သေမင်းခေါ်သံအလား     ချွေးစီးတေကျလာကာ       အသံထွက်ဖို့တောင်အားအင်မရှိတော့ပေ။

"ခင်များသမီးကနိုင်ငံခြားမှာ...........နာမည်ကြီး.......ဒါဇိုင်နာဆို"

"မဟုတ်......မဟုတ်ပါဘူးဗျာ..........အညတရသမားလေးပါဘဲ"

"Ohh!!"

"ကျွန်တော်ကြည့်ရတာ........ခင်များကလည်းတဦးတည်းသောသမီးဆိုတော့..........အရမ်းချစ်မှာဘဲ...."

jiminသူ့ရှေ့ကသူကို     အေးစက်စက်သာစိုက်ကြည့်လိုက်ပြီး     မျက်ဝန်းတေကတော့   မှင်သေလိုငြိမ်သက်နေသည်

"မဖြစ်ရပါဘူးဗျာ........ ခုချက်ခြင်း.....ကျွန်တော်အမွေပြက်စွန့်လွှတ်လိုက်ပါ့မယ်"

"အဟက်!!"

jiminသူ့ရှေ့ကသူရဲ့စကားကို     မကြားသလိုသာအေးစက်စက်တချက်သာကြည့်ပြီးလှည့်ထွက်သွားသည်။

****************

"ဖြောင်း!!"

ငြိမ်သက်နေတဲ့ဆေးခန်းအတွင်း    ပါးရိုက်သံတချက်ဟာ     စူးရှစွာထွက်ပေါ်လာခဲ့သည်။

အရိုက်ခံရသည့်အမျိုးသမီးငယ်ဟာ   သူ့ရှေ့ကသူကိုအံ့သြတကြီးသာ    ကြည့်နေမိသည်     မှန်မှန်ပြောရမယ်ဆိုရင်တော့    သူ့အဖေဖြစ်သူကိုပေါ့

သူ့အဖေဖြစ်သူဟာသူ့ကိုတခါမှမရိုက်ဖူးသလို ဆူပူတာတောင်မှတခါတလေသာဖြစ်လေသည်။

"အဖေ......သမီးကိုဘာလို့လာရိုက်နေတာလည်း .......သမီးလက်ကျိုးတာတောင်.....သက်သာလားမမေးဘဲနဲ့"

Secretary Jeon 🍒(completed)Where stories live. Discover now