jiminမျက်မှောင်ကျုံ့ကာဒေါသထွက်သွားမိသည် သူဖက်ထုပ်လေးခုလိုပြောလာမယ်မထင်တာတော့အမှန်သူခဏတော့ စိတ်ထဲတမျိုးဖြစ်သွားပေမဲ့ ဟိုကောင်လေးကိုလဲအားနာမိသွားသည်"မင်ဟို!!"
တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းအတွင်း Jiminရဲ့ အသံကပဲ့တင်ထွက်သွားသည်
Jungkook ကိုဖက်နေတဲ့ မင်ဟိုလေးရဲ့ကိုယ်ကဆက်ခနဲတုန်သွားသည် jungkook လဲခဏတော့အံ့သြသွားတာအမှန်ပါဘဲ သူ့Boss ကလေးကိုငေါက်လိုက်တာတော့မမှန်ဘူးလို့ထင်သည်
"သား..သားတောင်းပန်ပါတယ်.....သားလဲသူများတေလိုမားလိုချင်လို့ပါ"
မင်ဟိုလေးရဲ့နောက်ဆက်တွဲစကားကတိုးဝင်သွားတာကြောင့် Jiminမကြားလိုက် အနီးကJungkookကတော့ ရှင်းရှင်းလင်းလင်းကိုကြားလိုက်ပါတယ် သူများတေလိုသူ့မိဘတေကသူ့ကို ချမ်းချမ်းသာသာမထားပေမဲ့ မိဘအပြည့်အစုံနေခွင့်ရတယ်လေ
Jungkook သနားသွားမိသည် သူ့ရင်ခွင်ထဲက ကလေးလေးကရှိုက်နေတာကြောင့် ကိုယ်လေးကတုန်နေသည် သူပြန်ဖက်ထားကာ နှစ်သိမ့်ပေးလိုက်သည်
Jimin ကတော့ Jungkook ကိုအားနာတဲ့အကြည့်နဲ့သာလှမ်းကြည့်လိုက်သည် Jungkook ကနားလည်စွာ ခေါင်းငြိမ့်လိုက်သည်
Jiminကထလာကာ ကလေးလေးကို ပြန်လွှဲယူမို့လုပ်ပေမဲ့ မင်ဟိုကJungkookကိုသာတင်းတင်းဖက်ထားသည်
Jiminအံ့သြသွားမိသည် သူ့ဖက်ထုတ်လေးကအရင်ကဆိုသူစိမ်းတေခေါ်တာတောင်မလိုက် မျက်နှာတည်နဲ့သာနေတက်သည် Jungkook ဆိုတဲ့ကောင်လေးကို ခုလိုခင်တွယ်သွားတာကို အံ့သြမိသည် သူသက်ပြင်းချရုံသာတက်နိုင်သည်
Jiminလေသံလေးနဲ့ Jungkook ကို
"ကလေးရဲ့အခန်းက ဘယ်ဘယ်ရဲ့နှစ်ခန်းကျော်မှာ မင်းအခန်းရဲ့မျက်နှာချင်းဆိုင် ညာဘက်က တံခါးမှာ ဘဲရုပ်လေးနဲ့"
"ဟုကဲ့"
"ပင်ပန်းစေမိပြီ"
"ရပါတယ် ကျွန်တော့တွက်ကဘာမှအပန်းမကြီးပါဘူး"
jiminကသူ့အခန်းကိုသာ တက်သွားလိုက်သည်
_____________________
![](https://img.wattpad.com/cover/360262646-288-k721079.jpg)
أنت تقرأ
Secretary Jeon 🍒(completed)
حركة (أكشن)Other : သွေးအေးပြီးရက်စက်လွန်းတဲ့ CEO Boss ကမင်းကို ရုတ်တရက်အရမ်းအလိုလိုက်ပြီး နူးညံ့စွာရယ်ပြနေတယ်ဆိုရင်ရော... jk: "ထွေထွေထူးထူးမရှိနိုင်ပါဘူး........အလုပ်ရှင်ဆိုတာဝန်ထမ်းတေကို.....ဂရုစိုက်တာပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါဘဲ" Other : နောက်ပြီး ceoကြီးရ...