jungkook သူအဝေးကိုမှင်သက်စွာငေးကြည့်နေမိသည် နှစ်ရက်တိတိပြည့်ခဲ့လေပြီ ထိုအတောတွင်းတကယ့်ကိုငရဲလိုခံစားနေရတဲ့သူ့စိတ်တေကိုအရမ်းအလိုလိုက်မိခဲ့တာလားမသိတော့ပေ။
ဒီတောအတွင်းအဖြစ်မှန်ကိုသိသွားတဲ့ hobiကတော့အဆောင်တစ်ခုလုံးဗြောင်းဆန်အောင် ပြဲပြဲလန်အောင်လောဆော်တော့သည်။
"မင်းအရူးလားjungkookရ.....မင်းစာတက်တဲ့ဟာ....ဦးနှောက်လေးဖြည့်ပြီးတွေးလေ......မင်းBossစီမှာအလုပ်လုပ်ပြီး.....တယောက်ကိုတယောက်ကူညီဖေးမပေးခဲ့တဲ့ဟာ......တညအတွင်းလေးနာရီအနည်းငယ်တွေ့ခဲ့တဲ့......မိန်းကလေးတယောက်အတွက်မင်းပဟေဠိတောင်မဖြစ်ဘဲယုံလိုက်တယ်ပေါ့"
jungkook အတွေးတေက hobiရဲ့စကားတေကြောင့်အနည်းငယ်စဥ်းစားပြီးသူမှားသွားသလားလို့ပြန်တွေးနေရသည်။
jungkook ရဲ့အူတူတူစဥ်းစားနေပုံကိုမြင်တော့ hobiဒေါသထွက်ပြီး သူ့လက်ထဲမှာရှိနေတဲ့မီးဖိုချောင်ပစ္စည်းတေကို အပစ်ပုံချကာ အဆောင်တစ်ခုလုံးဝုန်းဒိုင်းကျဲနေတော့သည်။
လက်ကတွေ့သမျှအကုန်ဝုန်းဒိုင်းကျဲနေသလိုပါးစပ်ကလည်း အငြိမ်မနေဘဲ ဗျစ်တောက်ဗျစ်တောက်ပြောနေတာကိုကြည့်ပြီး jungkook တယောက် အခန်းထဲမှာကုပ်ကုပ်လေး computer တစ်လုံးနဲ့အလုပ်လုပ်နေတဲ့ Taehyung ကိုစာနာသလိုလေးလှည့်ကြည့်မိသည်။
Taehyung "......"
*************
jiminသူအလုပ်ထဲလည်းစိတ်မဝင်စားနိုင်တော့ jungkook ကိုပြီးခဲ့တဲ့နှစ်ရက်လုံးသူ့မှာအဝေးကနေလှမ်းကြည့်ကာ အလွမ်းဖြေနေရသည်
စည်းဝေးပွဲတိုင်းလည်းအလုပ်ဝန်းထန်းတေခဗျာ အသက်တောင်ဖြောင့်ဖြောင့်မရှူရဲပေ company အတွင်းရာသီဥတုကအတော်လေးဆိုးဝါးနေသည် ဘယ်အချိန်ထဖောက်ပြီး ဘယ်အချိန်တေဘာတေကိုမေးမလည်းဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေရရှာသည်။
အရင်ကဆိုသူတို့Bossရဲ့အတွင်းရေးမှူးလေးရှိတုန်းကဆို သူတို့Bossရဲ့မျက်နှာကြီးကနေခုနှစ်စင်းလိုတောက်ပနေတာမလား။ ဒါပေမဲ့အခုဟာက အချိန်မရွေးထပေါက်တော့မဲ့အချိန်ကိုက်ဗုံးလိုပင်။
YOU ARE READING
Secretary Jeon 🍒(completed)
ActionOther : သွေးအေးပြီးရက်စက်လွန်းတဲ့ CEO Boss ကမင်းကို ရုတ်တရက်အရမ်းအလိုလိုက်ပြီး နူးညံ့စွာရယ်ပြနေတယ်ဆိုရင်ရော... jk: "ထွေထွေထူးထူးမရှိနိုင်ပါဘူး........အလုပ်ရှင်ဆိုတာဝန်ထမ်းတေကို.....ဂရုစိုက်တာပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါဘဲ" Other : နောက်ပြီး ceoကြီးရ...