မှတ်ချက်။ ။ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးများသာဖြစ်သည်။
"ဒယ်ဒီ ပါးပါးကိုရိုက်"
မင်ဟိုလေးရဲ့ အသံလည်းပြီးရော အိမ်ဝန်းကြီးတစ်ခုလုံး တိတ်ဆိတ်သွားကာ အနောက်ကလိုက်ကြည့်တဲ့ အိမ်တော်ထိန်းအဘညို ဆို ဒူးတေတောင်ချောင်သွားကာ ပစ်လဲတော့မလိုပင်
jiminလည်း သူ့ဖက်ထုပ်လေးပေးတဲ့ သစ်သားတုတ်ကို လက်ထဲသေချာစိုက်ကြည့်ကာ စိတ်ထဲဗလာကျင်းသွားရသည်
"ဘာလို့ ဒယ်ဒီကရိုက်ရမှာလည်း"
"ပါးပါးက မိန်းကလေးတယောက်နဲ့တွေ့ခဲ့တယ်လေ အဲ့ကြောင့်မို့ နောက်မတွေ့ရဲအောင်ရိုက်ရမယ်"
"......"
လေထုကအနည်းငယ် ကို့ယို့ကားယား နိုင်သွားသည်
မင်ဟိုလေးရဲ့အတွေးကတော့ ရှင်းပါသည် သူ့ပါးပါးသည် တခြားမိန်းကလေးနှင့်တွေ့ရင် အဲ့မိန်းကလေးနောက်လိုက်သွားရင် သူ့ပါးပါးကိုဆုံးရှုံး ရလိမ့်မည် တကယ်လို့ရိုက်မယ်ဆိုရင် နောက်မတွေ့ရဲဘဲ ပါးပါးကသူ့အပိုင်ဘဲဖြစ်သွားလိမ့်မည် ဟုတ်တယ်မလား။
jkကတော့ လုံးဝကိုရှော့ရနေပါပြီလေ
"ဖက်ထုပ်လေး ဒယ်ဒီရိုက်ရင် ပါးပါးကနာသွားမှာပေါ့ တကယ်ရိုက်ရမှာလား"
ထိုအခါရှုပ်ထွေးသွားရတာကတော့ မင်ဟိုလေးပါပင် သူရိုက်ခိုင်းရင် ပါးပါးကနာသွားလိမ့်မည် အကယ်၍ မရိုက်ရင်လည်းသူ့ပါးပါးက. တခြားတယောက်နဲ့ တွေ့ကာထွက်သွားလိမ့်မည်ဖြစ်သည်။
သူ့အတွေးနှင့်သူ မျက်ရည်လေးတေဝိုင်းလာသည်
ထိုသို့ဖြစ်သွားတော့လည်း ကပျာကယာဖြစ်သွားကြသော သက်ဆိုင်သူနှစ်ယောက်ပေ။
"မင်ဟိုလေးရယ် မငိုပါနဲ့ ပါးပါးကသူနဲ့ မသွားပါဘူး မင်ဟိုလေးနဲ့ဘဲနေမှာလေ ကတိပေးထားတယ်လေ မေ့သွားတာလား"
ВЫ ЧИТАЕТЕ
Secretary Jeon 🍒(completed)
БоевикOther : သွေးအေးပြီးရက်စက်လွန်းတဲ့ CEO Boss ကမင်းကို ရုတ်တရက်အရမ်းအလိုလိုက်ပြီး နူးညံ့စွာရယ်ပြနေတယ်ဆိုရင်ရော... jk: "ထွေထွေထူးထူးမရှိနိုင်ပါဘူး........အလုပ်ရှင်ဆိုတာဝန်ထမ်းတေကို.....ဂရုစိုက်တာပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါဘဲ" Other : နောက်ပြီး ceoကြီးရ...