part 11(ဖက်ထုပ်လေးရဲ့ရည်းစားစာ _ ၁ )

284 27 2
                                    


(မှတ်ချက်။ ။ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးများသာဖြစ်သည်။)

'ကျွီ'

jungkook ရဲ့တံခါးက အမြဲလော့ခ်မချထားသည့်အတွက် အသာလေးတွန်းဖွင့်ကာ ဝင်ခဲ့ပြီး ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်ပေမဲ့ jungkook ရဲ့အရိပ်အယောင်မတွေ့ရသည့်အတွက် အနည်းငယ်စိတ်အေးသွားရသည်

ထို့နောက် ကုတင်ကြီးရဲ့ ဘေးဖက်က စားပွဲပေါ်တွင် တင်ထားသောလွယ်အိပ် လေးကိုကြည့်ကာ သွားယူဖို့လုပ်ရပြန်သည် ထိုသူသည် တခါမှ ထိုသို့ ခိုးကြောင်ခိုးဝှက် မလုပ်ဖူးသည်မှာအသေအချာပင် လက်လေးနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်ပြီး တံတွေးလေးမြိုချသံပါ ကြားရသယောင်ယောင်

ဒါဒါလေးတို့ ခန့်မှန်းတက်မယ်ဆိုရင်တော့ မှန်ကြမလားမသိပေမဲ့ ထိုသူလေးကတော့ jiminရဲ့ ဖက်ထုပ်လေး အမောင် ပတ်ခ်မင်ဟို ပါပင်

ပြီးနောက် စားပွဲပေါ်သွားယူဖို့လုပ်တော့ စားပွဲကသူ့ထပ်ရှည်နေတော့ အခက်တွေ့သွားရသည်ထင် ပါးလေးနှစ်ဖက်စူကာ လက်လေးနှင့် သူ့ပါးလေးကို စိတ်မရှည်စွာ ထိုးလိုက်ပြီး ခုံယူဖို့ ဟိုဟိုဒီဒီ ပတ်ရှာတော့လည်းမတွေ့ တာကြောင့် ကုတင်ပေါ်တက်ကာ လွယ်အိပ်ကိုလှမ်းယူမှသာရလိမ့်မယ်

သူ့အကြံကိုသူ ဆုံးဖြတ်ချက်ချလိုက်ပြီး ကုတင်ပေါ်တက်ဖို့လုပ်ပေမဲ့ ကုတင်ကလည်းသူ့ထက်မြင့်နေကာ ခါးစောင်းထက်ရှည်နေတော့ လက်လေးနှစ်ဖက်က ကုတင်မွှေ့ယာကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားကာ ခြေထောက်တိုတိုလေးတေနဲ့ ကုတင်ပေါ်တက်ဖို့လုပ်ပေမဲ့ ခါးအပေါ်ထိသာ ကုတင်ပေါ်ရောက်သွားပြီး ခြေထောက်လေးတေက အောက်ခြေနဲ့လွတ်သွားတော့ ရက်ကန်ရက်ကန်လေးဖြစ်သွားရသည်

jungkook ရေးချိုးပြီးအပြင်ထွက်လာတော့ ထိုမြင်ကွင်းကို တွေ့ပြီးမနေနိုင်စွာ ဟားခနဲအော်ရယ်မိတော့သည်

သူ့ရယ်သံကိုကြားသည်ထင် လန့်သွားပြီး အမြန်အဆန်လှည့်ကြည့်လာသည် jungkook အော်ရယ်နေတော့ မင်ဟိုလေးဟာ သူခိုးကြောင်ခိုးဝှက် လာတာကိုတောင်မေ့ကာ နှုတ်ခမ်းလေးဆူကာ အော်ပြောတော့သည်

Secretary Jeon 🍒(completed)Where stories live. Discover now