လပြည့်ညရဲ့လဝန်းတေဟာ ပြည့်ဝန်းနေကာ တိမ်တေဖုံးအုပ်ခြင်းလည်းမရှိတဲ့အတွက် တကိုယ်တည်းထိန်ထိန်သာလင်းလက်နေသည်
လသာဆောင်လေးမှာတော့ လွမ်းဆွတ်သတိရနေတဲ့မျက်ဝန်းတေနဲ့ ထိုလမင်းကိုငေးကြည့်နေတဲ့တယောက်ရှိလေသည်။
အရင်အချိန်တေကိုပြန်လည်တမ်းတအမှတ်ရတဲ့အချိန်မှာတော့ သလင်းကျောက်တေလိုကြည်လင်နေတဲ့မျက်ဝန်းလေးတေကနေ ငွေမျှင်ရောင်မျက်ရည်လေးတေဝေ့သီလာကာ မျက်ဝန်းတေကိုအသာမှိတ်လိုက်တဲ့အခါမှာတော့ ဝေ့သီနေတဲ့ငွေမျှင်ရောင်မျက်ရည်ဥလေးတေဟာ ဘာအတားအဆီးမှမရှိတော့သကဲ့သို့ ဖွေးဥနေတဲ့ပါးပြင်တလျှောက်အထိန်းကွပ်မဲ့စွာ တစက်ချင်းကျဆင်းသွားလေသည်
ထိုသူကိုကြည့်ရင်hobiတယောက်သက်ပြင်းသာချမိပါသည်။ ညနေထဲက သူ့သူငယ်ချင်းတယောက်အထုတ်အပိုးများနှင့်ရောက်ချလာပြီး အပြင်းအထည်ငိုယိုနေတဲ့အတွက်သူ့မှာ ' ဆပ်ပြာသည်မလင်ပျောက်နေသလို 'ကို ပြာယာခက်မိသည်။
' ဘာဖြစ်လို့လည်း 'ချော့မေးပြန်တော့လည်း ဘာမှမဖြေဘဲသူ့ကိုသာဖက်ကို တရှုံ့ရှုံ့ငိုနေသောသူအား ဖက်၍နှစ်သိမ့်ပေးရုံမျှလွဲသူ့မှာတခြားတက်နိုင်ရိုးမရှိခဲ့လေ။
သူ့အထင်တော့အလုပ်မှာအဆင်မပြေ၍ဘဲလား ဒါမှမဟုတ်ရွာကအကြောင်းတခုခုကြောင့်ဆိုလားသူ့မှာ ရွာကအမေ့စီသို့phဆက်ကာ 'ရွာမှာjungkookမိဘတေဘာဖြစ်လို့လည်းလို့' ဆက်မေးရပြန်သည်။
သူ့အမေက 'ဘာမှမဖြစ်ကြပါဘူး' လို့သာဖြေမှသူ့မှာစိတ်အစုံအေးသွားရသည် Jungkook ရဲ့မိဘတေကိုတော့တိုက်ရိုက်မမေးချင် အကယ်၍jungkookဤကဲ့သို့သော အခြေအနေအားသိသွားကြပါလျင် သူတို့တေစိတ်အဆုံပူပြင်းကာ ကျန်းမာရေးထိခိုက်ပေလိမ့်မည်။
jungkook ဤကဲ့သိုအပြင်းအထန်ငိုခြင်းကမရှိသလောက်ကိုရှားပါးပါသည် ရွာမှာဆိုလျင်ဆက်ဆက်ကျဲလေး မိဘတေအလုပ်အကိုင်အဆင်မပြေရင်တောင် လုံးဝငိုရှိုက်သိမ်ငယ်ခြင်းမရှိဘဲ သူ့ကိုသူပို၍ကြိုးစားအောင်မြင်အောင်သာ သူ့ကိုယ်သူအားပေးလေ့ရှိသည်။
YOU ARE READING
Secretary Jeon 🍒(completed)
ActionOther : သွေးအေးပြီးရက်စက်လွန်းတဲ့ CEO Boss ကမင်းကို ရုတ်တရက်အရမ်းအလိုလိုက်ပြီး နူးညံ့စွာရယ်ပြနေတယ်ဆိုရင်ရော... jk: "ထွေထွေထူးထူးမရှိနိုင်ပါဘူး........အလုပ်ရှင်ဆိုတာဝန်ထမ်းတေကို.....ဂရုစိုက်တာပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါဘဲ" Other : နောက်ပြီး ceoကြီးရ...