(မှတ်ချက်။ ။ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးများသာဖြစ်သည်။ )
အခုချိန်မှာတော့ စာကြည့်ခန်းထဲ၌ jiminရဲ့ ဖက်ထုပ်လေးကတော့ jiminရှေ့မှာရပ်ကာ သူ့လက်လေးနှစ်ဖက်ကို ပွတ်သပ်နေကာ ခေါင်းကိုငုံ့ထားကာ နှုတ်ခမ်းလေးတေဆူထားပြီး ရပ်နေသည်
အခြေအနေကတော့ jimin ရဲ့မျက်နှာထားက အလွန့်ကို အေးစက်နေကာ မျက်နှာပေါ်၌ "ငါဒေါသထွက်နေလို့ လူသတ်ချင်နေတယ်" လို့မရေးထားရုံတမယ်ပင်
jiminရဲ့လက်ထဲမှာတော့ ကြက်တောင်စည်းတံကို ကိုင်ထားကာ မနက်ကစာအိပ်ကို စူးရဲစွာစိုက်ကြည့်နေပြီး သူ့ရှေ့ကဖက်ထုပ်ကို ပြန်ကြည့်လိုက်သည်
ဖက်ထုပ်လေးကတော့ သူ့ဒယ်ဒီရဲ့ အကြည့်တေကိုသတိထားမိသည့်အလား ခေါင်းငုံ့ထားရာကနေ ကြက်သီးတေဖြန်းကနဲ ထသွားကာ ခန္ဓာကိုယ်လေးတုန်တတ်သွားသည်
အိမ်တော်ထိန်း အဘညိုကတော့ စာကြည့်ခန်းရဲ့တံခါးဝမှာခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် အနည်းငယ်ဟနေတဲ့ တံခါးဝကနေ အသာချောင်းကြည့်လိုက် အလုပ်ရှုပ်နေရသည်
အဘညိုရဲ့စိတ်ပူစိတ်က သခင်လေးငြိမ်နေလေ သူဖက်ထုပ်လေးအတွက်ပိုစိတ်ပူလေပင်
jungkook ကတော့ ဖက်ထုပ်လေးနဲ့ jiminတို့ဘေးကနေရပ်ကြည့်နေသည် သူ့စိတ်ထဲလည်းအရမ်းကိုစိတ်ပူနေရသည် မင်ဟိုလေးဆိုတာ သူ့အတွက်ညီအရင်းချာ တယောက်လို ချစ်ရသော သူလေးလည်းဖြစ်သည်
သူက တဦးတည်းသော သားဖြစ်ပေမဲ့ သူလည်း ညီလေးမဟုတ်ရင်ညီမလေးတော့ အမြဲလိုချင်ခဲ့တာဖြစ်တဲ့အတွက် မင်ဟိုလေးက သူ့အတွက် ညီလေးတယောက်လိုအရမ်းချစ်ရပါသည်
နောက်ပြီး အရမ်းလည်းစိတ်ပူရပြန်သည် သူ့Boss ဒေါသထွက်တာတွေ့တာသိပ်မရှားပေမဲ့ ဒီအခါဒေါသထွက်တာက ပိုဆိုးနေသလိုပင်
သူလည်းဘာကဘယ်လိုဖြစ်သွားလည်းမသိပေ သူမဝံ့မရဲ သူ့Boss ကိုလှမ်းကြည့်ကာ ရှိသမျှ သတ္တိတေအကုန်စုကာ မေးလိုက်ရသည်
"ဟိုလေ....ဟို ဘာဖြစ်လို့လည်းမသိဘူးရယ်"
jimin ဘေးမှာရပ်နေတဲ့ jungkook ကိုလှမ်းကြည့်လိုက်ပြီး စားပွဲပေါ်က စာအိပ်ကို လှမ်းပေးလိုက်သည် jungkook လည်းကြောက်ရွံ့မှုကနေ အူကြောင်ကြောင်လေးဖြစ်သွားကာ ကြောင်အမ်းအမ်းနဲ့ စာအိပ်ကိုလှမ်းယူပြီး ကြည့်လိုက်သည်
YOU ARE READING
Secretary Jeon 🍒(completed)
ActionOther : သွေးအေးပြီးရက်စက်လွန်းတဲ့ CEO Boss ကမင်းကို ရုတ်တရက်အရမ်းအလိုလိုက်ပြီး နူးညံ့စွာရယ်ပြနေတယ်ဆိုရင်ရော... jk: "ထွေထွေထူးထူးမရှိနိုင်ပါဘူး........အလုပ်ရှင်ဆိုတာဝန်ထမ်းတေကို.....ဂရုစိုက်တာပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါဘဲ" Other : နောက်ပြီး ceoကြီးရ...