Part 2

3.9K 312 25
                                    

U+Z

"အိမ်ရှေ့စံ မယ်မယ်က ဗုဒ္ဓကျောင်းတော်ရှိရာကို အခေါ်ပါးလိုက်ပါတယ်"

အထိန်းတော်ကြီးမှ လာရောက်လျှောက်ထားတာကြောင့် သျှင်ဒီပါဧကရာဇ် ဝတ်ရုံတော်လဲကာ ဗုဒ္ဓကျောင်းတော်ရှိရာဘက်ကို သွားဖို့လုပ်လိုက်သည်။ သူ့ဝတ်လဲတော်တွေကို သူ့နန်းဆောင်ရဲ့အလုပ်အကျွေးပြုသူတွေက ဖြန့်ကာအသင့်လုပ်ပေးထားသည်ကြောင့် သျှင်ဒီပါ အသင့်ဝတ်လိုက်သည်။ ဆံပင်အရှည်ကို သပ်ရပ်အောင် ပြင်ဆင်ပေးသူ ပြင်ဆင်ပေးရသည်။

"ပြင်ဆင်ပြီးပါပြီ အိမ်ရှေ့စံ"

မျက်လုံးဖွင့်လိုက်သည်။ ကြေးမုံမှန်မှာ သူ့ပုံစံကိုမြင်နေရသည်။ ဝတ်ရုံတော်တွေအထပ်ထပ်က နောက်ဆုံး ရေညှိစိမ်းရောင်လေးမှာ အဆုံးသတ်သည်။ အတွင်းမှာ အဖြူတွေတစ်လွှာပြီးတစ်လွှာဝတ်ရပေမယ့် အပေါဆုံးအထပ်ကတော့ ရေညှိစိမ်းရောင်ဖြစ်သည်။ ချည်သားအစစ်တွေဖြစ်ကာ သူတို့နိုင်ငံအတွင်းမှာပဲ ပြုလုပ်တဲ့သဘာဝဝတ်ရုံတော်ဖြစ်သည်။ အထိန်းတော်ကြီးက ပုလဲနက်နက်ပုတီးကို သူ့လက်ကောက်ကိုဝတ်ပေးသည်။ ပြီးသည်နှင့်အလုပ်အကျွေးပြုသူတွေက ခေါင်းငုံ့ကာဘေးမှာရပ်ကြပြီး အတွင်းနန်းဆောင်တံခါးကိုဖွင့်ပေးသည်။

သူထွက်သွားတော့ သူ့နောက်ကနေ တသီတတန်းကြီးပါလာ၏။ ဗုဒ္ဓကျောင်းတော်ရှိရာကို ခပ်မြန်မြန်သွားတော့ သူ့နောက်ကတသီတတန်းကြီးကလည်း ခပ်မြန်မြန်လိုက်ပါလာသည်။ သျှင်ဒီပါ နောက်ကလိုက်လာတဲ့သူတွေကြောင့် ရယ်လိုက်ပြီး ရုတ်တရက် တုံ့ခနဲရပ်လိုက်တော့ သူ့ကျောပြင်ကို ခေါင်းတွေနဲ့လာတိုက်တော့၏။

"ဟားဟား"

တိုက်မိသူတွေက ခေါင်းမဖော်ပဲမြန်မြန်နောက်ကိုပြန်စုတ်ကြသည်။ ဒါကို သျှင်ဒီပါက အော်ရယ်တော့ အထိန်းတော်ကြီးက တားသည်။

"အထိန်းတော်ကြီး နေရာတကာပါတယ်"

ရယ်တာကိုတားမြစ်လိုက်တာမဟုတ်ပေမယ့် ပြောလိုက်တဲ့စကားကိုနားလည်ဖို့အထိန်းတော်ကြီးက ကြိုးစားနေရှာသည်။

အထိန်းတော်ကြီးက အိမ်ရှေ့စံရဲ့စကားတွေကိုနားလည်ဖို့ကြိုးစားတာကို ဘယ်သူမှမပြစ်မမြင်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရှေ့စံက တိုင်းတပါးနိုင်ငံတွေကိုသွားပြီး ပညာလေ့လာထားတာကြောင့် အိမ်ရှေ့စံမှာ သူတို့မသိတဲ့အသိပညာအတတ်ပညာတွေရှိသည်။

Connecting [Complete]Where stories live. Discover now