U+Z
နောက်ရက်တွေ သူဘယ်သွားသွားလိုက်ရမယ်ဆိုတာကြောင့် ဒီနေ့တော့ ဘုန်းမြတ်က သူ့အတွက်လိုတာတွေ လိုက်ဝယ်ပေးနေသည်။ ဘုန်းမြတ်က ဒီနေ့ အလုပ်မသွားပဲ အိမ်မှာပဲရှိနေကာ ညနေ ၄ နာရီလောက်မှ နှစ်ယောက်လုံး Myanmar Plaza ဘက်ကိုထွက်ခဲ့တာဖြစ်၏။
"ကိုယ်က အလုပ်လိုက်လုပ်တာမှမဟုတ်ပဲ။ ဒီအတိုင်း အဆင်မပြေဘူးလား"
ချည်သွားအပွဝမ်းဆက်တွေနဲ့အလုပ်ကိုလိုက်ချင်နေတာ။ ဒီနေ့ ဝယ်ပေးမှာလည်း ပြည်တွင်းဖြစ်ရော နိုင်ငံခြားကတင်သွင်းတဲ့ချည်သားဝမ်းဆက်တွေရောပါပေမယ့် သူ့ကိုဘာဝယ်ပေးမယ်လို့မပြောထားတော့ လူကိုဟိုမေးဒီမေးလုပ်နေတာ။ ဒီလူ့ကို ရှုပ်ရှုပ်ယှက်ယှက်တွေဆင်ရင်လည်း ကြည့်ကောင်းမှာမဟုတ်ပဲ ဒီလူက ဒီအတိုင်းနဲ့ပဲ ကြည့်လို့အဆင်ပြေမှာ။ ဘုန်းမြတ် ဒီလူနဲ့ဘယ်လိုပုံစံလိုက်ဖက်မယ်ဆိုတာကို တစ်ညလုံးတွေးကြည့်ပေမယ့် ဒီအတိုင်းပဲအဆင်ပြေတယ်လို့ပဲ ထွက်လာတာကြောင့် ပြောင်းလဲပေးဖို့ကို မကြိုးစားပဲ ဒီအတိုင်းပဲ နေမြဲတိုင်းနေဖို့၊ ဝတ်မြဲတိုင်းဝယ်ပေးဖို့ပဲ အာရုံထဲမှာရှိသည်။
"ဘာလိုချင်သေးလဲ"
"ရတယ် မင်းအဆင်ပြေတာပဲ ဝယ်ပေး"
"လိုချင်တာမရှိဘူးလား"
"မရှိဘူးလေ"
"အဲ့ဒါဆို သွားမယ်"
"အင်း"
အဝတ်အစားတွေဝယ်ပြီးတာနဲ့ ညစာတစ်ခါထဲစားသွားဖို့အတွက် ဆိုင်ထိုင်ဖို့စဉ်းစားလိုက်၏။ သူတို့နှစ်ယောက်ဘေးမှာဆိုတာ အဝတ်တွေထည့်ထားတဲ့ အိတ်တွေက စုပြုံလို့။
"တစ်ခုခုစားရအောင်'
"အင်း"
သူတို့ရောက်နေတာ Zyan Kitchen မှာဖြစ်ပြီး သူတို့မှာယူထားတာက Beef Steak ဖြစ်ကာအသားကို Medium အနေအထားပဲလုပ်ဖို့ပြောထားတာဖြစ်၏။ Menu ကိုကြည့်ကာ ဘုန်းမြတ်က ဝိုင်ပါမှာလိုက်၏။သူတို့အပြင်ကိုထွက်လာတဲ့အချိန်နောက်ကျတာကြောင့် အခုဆို ၆ နာရီကျော်ပြီး ၇ နာရီထိုးဖို့နီးနေပြီဖြစ်၏။
"ဈာန့်ကိုနောက်တစ်ခါ ဒီလိုကြော်ညာမရိုက်ခိုင်းတော့ဘူး"
"ကျွန်တော်ရိုက်ချင်တာမဟုတ်ပဲ ကိုဇေပဲ ရိုက်ပေးဖို့တောင်းဆိုတာမဟုတ်ဘူးလားဗျ"
YOU ARE READING
Connecting [Complete]
Novela JuvenilUnicode + Zawgyi Pic crd from Pinterest သျှင်ဒီပါဧက္ကရာဇ် ဘုန်းမြတ်သက္ကရာဇ်နွေ