Part 19

2.5K 213 13
                                    

U+Z


သူ(မ)ဆီကိုရောက်လာတဲ့သတင်းတွေကို သူ(မ)လက်ခံနိုင်ဖို့ နားလည်နိုင်ဖို့အတွက် တော်တော်အချိန်ယူလိုက်ရသည်။ သူ(မ)ရဲ့လူတစ်ယောက်က ဧကရာဇ်အကြောင်းစုံစမ်းတုန်းက အိမ်ပြန်သွားတယ်လို့သတင်းရပြီး ကားနဲ့ပြန်တာမတွေ့သလို ဘုန်းမြတ်ပြန်လိုက်ပို့တာမျိုးလဲမတွေ့ရဘူးလို့ဆိုသည်။ ဧကရာဇ် အိမ်ပြန်သွားတယ်ဆိုတဲ့ရက်တုန်းကလည်း သူ(မ) ဘုန်းမြတ်တို့နဲ့ပူးပေါင်းထားတဲ့လုပ်ငန်းကိုလုပ်နေရတာကြောင့် ဘုန်းမြတ်နဲ့တွေ့ဖြစ်ကာ ဧကရာဇ်ပါမလာတာကို သူ(မ)သိသည်။ အိမ်ပြန်သွားတဲ့သူက ဘယ်လမ်းကြောင်းက အိမ်ပြန်သွားလဲမသိတာကို စောင့်ကြည့်နေတဲ့သူ(မ)ရဲ့လူက အိမ်ထဲမှာရော ခြံထဲမှာပါ ဧကရာဇ်ကိုမတွေ့ရသလို တစ်ဖက်က အဖိုးကြီးအိမ်မှာလဲမတွေ့ရဘူးလို့ဆိုသည်။

ရုတ်တရက် ဧကရာဇ်ပြန်ရောက်လာတယ်ဆိုတဲ့သတင်းက ထပ်ပြီးသူ(မ)ကို ရှုပ်ထွေးစေသည်။ ခြံတံခါးကနေပြန်ဝင်လာတဲ့လမ်းကြောင်းမရှိတာကို ဘုန်းမြတ်နဲ့အပြင်ထွက်လာတာကိုမြင်ရတယ်တဲ့လေ။ တကယ်စိတ်ထဲမှာ ခံပြင်းနေရသည်။ ဘယ်လိုလူမို့လို့ ဒီလိုဖြစ်နေရတာလဲ။ ဘာကြောင့် အစရှာမရတာလဲ။ လူဆိုတာလည်းသေချာတာကို ဘာဖြစ်လို့ အစအနဆွဲထုတ်လို့မရဖြစ်နေရတာလဲ။ ဒီနေ့လည်း သူ(မ)နောက်ကလိုက်သွားမိတော့ သူတို့ရုံးကမိန်းကလေးတစ်ယောက်အိမ်ကိုသွားတာကိုမြင်လိုက်ရသည်။ ဘာတွေလုပ်နေလဲတော့ အထဲထိလိုက်ပြီး သူ(မ) စပ်စုလို့မဖြစ်သလို ဒီကိစ္စကိုနောက်ထပ်စုံစမ်းခိုင်းဖို့ ရှိပြီးသား။

သူ(မ) တစ်ညနေလုံးအချိန်ကုန်ခံခဲ့တာလည်း ဘုန်းမြတ်တို့အိမ်ကနေ အဖိုးကြီးအိမ်ကိုသွားတာပဲရှိသည်။ အဖိုးကြီးအိမ်ကနေ ညဉ့်နက်မှပြန်လာတဲ့နှစ်ယောက်က တိတ်ဆိတ်လွန်းသည်။ သျှင်ဒီပါဧကရာဇ်က ဘယ်လိုလူမျိုးမို့လို့ ဒီလိုဖြစ်နေရတာလဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ်လူပဲမဟုတ်လား။

အလှပြင်နေတဲ့သူ(မ)က ဘုန်းမြတ်တို့နဲ့ပူးပေါင်းထားတဲ့လုပ်ငန်းမှာပဲ ဆက်ရှိနေအုန်းမှာ။ ဒါမှလည်း သျှင်ဒီပါဧကရာဇ်ကို အနီးကပ်စောင့်ကြည့်နိုင်မှာ။ ဒါမှ သူ(မ)သိချင်တာတွေပိုသိရမှာ။ သူ့မှာဘာအစွမ်းအစတွေပဲရှိရှိ လူဖြစ်နေတာပဲ။ နာကျဉ်မှုဒဏ်ကိုတော့ ခံစားတတ်မှာပဲ။

Connecting [Complete]Where stories live. Discover now