Part 8

2.3K 218 15
                                    

U+Z


"သူက Document Controller ပါ။ စာချုပ်တွေလည်း ပြင်ပေးမှာပါ"

မိတ်ဆက်ပေးလာသူကိုကြည့်လိုက်ကာ ဘုန်းမြတ် ဘာပြောရမှန်းမသိတော့ပေ။ ဘာကြောင့် ဒီမှာ အလုပ်လာလုပ်ရသလဲ။ ဒီရောက်နေမှန်းတောင် ဘုန်းမြတ် တကယ်မသိဘူး။

"ဘယ်တုန်းက ဝင်တာလဲ မသိလိုက်ဘူး"

"အင်း မကြာသေးပါဘူး ၁၀ ရက်လောက်ပဲရှိသေးတယ်"

"ဪ အဆင်ပြေတယ်မလား"

"ပြေပါတယ်။ ကုမ္ပဏီက ကောင်းတာပေါ့"

"မြှောက်မနေပါနဲ့"

"တကယ်ပြောတာပါ။ ငါတော့ ကြိုးစားရအုန်းမယ်"

ပရောဂျက်တစ်ခုအတွက်စာချုပ်စာတမ်းပြင်ဖို့ ခေါ်ခိုင်းလိုက်မှ ဖူးငုံချယ်မှန်းဘုန်းမြတ်သိသည်။ တကယ် ဒီမှာအလုပ်ဝင်ချင်တယ်ဆိုရင် သူ့ကိုပြောလဲရပါတယ်။ ကြည့်ရတာ အင်တာဗျူးအဆင့်ဆင့်ဝင်လာတဲ့ပုံ။

"MD လိုချင်တဲ့အချက်အလက်ပြောပေးပါ"

"ဘုန်းမြတ်လို့ပဲ ခေါ်ပါ"

"ဟုတ် ကျေးဇူး"

လုပ်ငန်းခွင်မှာတော့ သူကသူဌေးဆိုတော့ အားလုံးသုံးတဲ့အသုံးအနှုန်းကိုသုံးလိုက်ပေမယ့် ဘုန်းမြတ်ရဲ့ ခွင့်ပြုချက်ကြောင့် သူ(မ)က ရင်းရင်းနှီးနှီးပြောဆိုခေါ်ခွင့်ရှိသွားတာပေါ့။ စာချုပ်ချုပ်မယ့်ကိစ္စအတွက် ရဲကောင်းထက်က ထည့်မယ့်အချက်အလက်အသေးစိတ်ကိုပြောပြပေးတာကြောင့် သူ(မ) သေသေချာချာလိုက်မှတ်ရသည်။ ဘေးနားမှာ ဘုန်းမြတ်ရှိပေမယ့် ဘုန်းမြတ်က နားထောင်ပြီး တစ်ခါတလေမှ ဝင်ပြောတာဖြစ်၏။

"ဒါဆို draft အရင်ပို့ပေးပါမယ်။ ကိုရဲကောင်းထက် စစ်ကြည့်ပြီး ပြန်ပြောပေးပါ"

"ဟုတ်ကဲ့ အစ်မ"

"တစ်ခုခုအဆင်မပြေရင်ပြောနော် ဖူးငုံ"

"အင်း ကျေးဇူး"

ဖူးငုံချယ်နဲ့သူက အလယ်တန်း၊ အထက်တန်းထဲ တွဲခဲ့တာဆိုတော့ မမြင်ရတဲ့ဒီအတောင်အတွင်းက ဘယ်လိုကြာသွားကြာသွား ဘုန်းမြတ်အနေနဲ့ပြန်တွေ့တော့ တစ်မျိုးတမည် ဖြစ်နေတာအမှန်ပင်။ အရင်ထဲက သူငယ်ချင်းလိုမျိုးစိတ်လဲမဟုတ်။ ဘာတစ်ခွန်းမှ မပြောပဲထွက်သွားပြီး ပြန်လာတော့လည်း သူ့အနားကိုရောက်လာတယ်တဲ့။ ကိုယ်ကလည်း သူထွက်သွားထဲက ဘာမှစုံစမ်းခြင်းမရှိသလို သူ့နောက်မှာအတည်တွဲခဲ့သူလည်းမရှိခဲ့ဘူး။ Partner ဆက်ဆံရေးတွေသာ ရှိခဲ့တာ။ ဒါဆို သူကရော ဖူးငုံချယ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ဘာကြောင့် အတည်တကျဆက်ဆံရေးဖြစ်တည်ဖို့ မကြိုးစားတာလဲ။

Connecting [Complete]Where stories live. Discover now