Part 9

2.4K 194 12
                                    

U+Z

ဖူးငုံ အခုတလော တမျိုးဖြစ်နေတာတော့အမှန်။ ဟို အစ်ကိုက ဘုန်းမြတ်ထက်အသက်ကြီးတာသိရပြီး ရင်းနှီးတာကိုလည်းသိရကာ အလုပ်ထဲမှာလည်း အမြဲလိုလိုတွေ့နေရတာကြောင့်။ သူ(မ)ကတော့ ဘုန်းမြတ်ကို ပြန်ရဖို့အတွက် အလွန်အကြူးဘာမှလှုပ်ရှားထားတာမရှိသေးပေ။ သူ(မ) ဘာကြောင့်ထွက်သွားတာလဲ ဘုန်းမြတ်ကိုသူ(မ) ကိုယ်တိုင်ပြန်ပြောပြဖို့တော့ စိတ်ကူးမရှိ။ သို့ပေမယ့် ဘုန်းမြတ်သိရအောင် တခြားနည်းနဲ့ပြောဖို့ အစီအစဉ်ရှိသည်။

သူ(မ)အနေနဲ့ဘုန်းမြတ်က တစ်ချက်ကလေးမှ သတိမရတဲ့နေ့မရှိခဲ့ပါဘူး။ သူ(မ) ရွေးချယ်မှုပြုလုပ်ခဲ့တုန်းက သူ(မ) တစ်ယောက်ထဲအတွက်ဆို ဘုန်းမြတ်တားတာကို သဘောတူလိုက်မှာပေမယ့် သူ(မ) မိဘတွေအပါထည့်တွေးပေးခဲ့ရတာကြောင့် ဘုန်းမြတ်ကိုထားခဲ့ရတဲ့ ရွေးချယ်မှုကို သဘောတူလိုက်ရတာ။ သူ(မ) အနေနဲ့ ဘုန်းမြတ်ကို လက်လွှတ်ပေးဖို့ကို ဘယ်တုန်းကမှမတွေးခဲ့ဘူးဖူး။ ပြီးတော့ သူ(မ) စုံစမ်းထားတဲ့သတင်းတွေကလည်း ဘုန်းမြတ်က အတည်တကျတွဲတဲ့သူ,မရှိဘူးဆိုထဲက ဘုန်းမြတ်ရင်ထဲမှာ သူ(မ) ရှိနေတုန်းပဲမဟုတ်လား။

"မမ မနက်ဖြန် စာချုပ်ချုပ်မှာဆိုတော့ မမပါ မီတင်ဝင်ရမှာနော်"

"ဟုတ်လား"

"ဟုတ်တယ် အဲ့ဒါ မမကြိုပြင်လို့ရအောင် ပြောပေးတာ"

"ကျေးဇူးတင်ပါတယ်နော်"

သူ(မ) နည်းနည်းပြင်ဆင်လာဖို့တော့ လိုတာပေါ့။

"ဒါနဲ့ MD ဘေးနားက အစ်ကိုကြီးက ဆံပင်အရှည်ကြီးနဲ့ မိုက်တယ်နော်"

"အင်း"

"ပြီးတော့ ချောချောလေး ဟိဟိ"

မေသက်ကတော့ လူငယ်ပီပီသူသဘောကျတာကို ပြောသည်။ သံယောင်လေးလိုက်ကာ တအင်းအင်းလုပ်နေရတာတော့ သူ(မ)ပေါ့။ တကယ်လည်း မေသက်ပြောသလိုပါပဲ။ သူ(မ) စိတ်ကသာ ဘာမှန်းမသိဖြစ်နေတာ။

"MD နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးတဲ့"

ကြည့်ရတာ မေသက်က တချို့ဌာနကလူတွေနဲ့ ဂရုဖွဲ့ထားပုံပေါ်သည်။ ကုမ္ပဏီရဲ့ကောင်းသတင်း ဆိုးသတင်းပြောဖို့အတွက် ဖွဲ့ထားတာနေမှာ။ ဒါကတော့ ကုမ္ပဏီတော်တော်များများမှာ ရှိသည်။

Connecting [Complete]Where stories live. Discover now