Part 3

2.3K 206 12
                                    

U+Z


"ကိုယ်တော်သုံးတတ်တယ် သင်ပေးစရာမလိုဘူး"

"ဒါဆိုဘာဖြစ်လို့မဝယ်တာလဲ"

"အင်း ဒါက လိုအပ်တဲ့အထဲမှာမပါဘူး။ ဒီအသုံးအဆောင်က ကိုယ်တော့်ရဲ့အလိုရမက်ကြောင့်ပဲ ဝယ်ဖြစ်မှာဆိုတော့ ကိုယ်တော်တို့နိုင်ငံရဲ့ တန်ခိုးအာနိသင်ကျဆင်းတယ်"

ဘယ်လိုကြီးလဲ။ ဘုန်းမြတ်တွေးမိလိုက်ခြင်းပင်။ ထုတ်တော့မမေးမိ။

တကယ်အမှန်ကိုပဲ သျှင်ဒီပါဖြေလိုက်တာဖြစ်သည်။ သူ့လိုလူမျိုးက မုသားစကားကိုမထွက်။

"ကိုယ်တော် မုသားစကားမပြောတတ်ဘူး"

"ဘာပြောလို့လဲ"

"ဘုန်းမြတ်သက္ကရာဇ်နွေရဲ့ပုံက မယုံကြည်ဘူးဆိုတာ ကိုယ်တော်သိတယ်"

ဒီလူကဘာလား။ ထားပါတော့။ သူက ပေါနေလို့ဝယ်ပေးလိုက်တယ်ပဲထားလိုက်တော့မယ်။ တကယ်လဲပေါနေတာပါပဲ။ သူသွားဝယ်စရာတောင်မလို။ ဘီဒိုထဲမှာရှိတဲ့ i phone series update တွေက သူ့မှာပိုထွက်နေတာကို။

ဒေါက်ဒေါက်!

"အစ်ကိုလေး ဖိုးဖိုးကြီးကထမင်းစားဖို့ဆင်းခဲ့ဖို့ပြောပါတယ်"

အပြင်ကအသံကြောင့် သူတို့နှစ်ယောက်အောက်ဆင်းဖို့လုပ်လိုက်သည်။ ဘုန်းမြတ် ထမင်းဝိုင်းကိုမြင်တော့ အံ့ဩသွားရသည်။ သူ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုဟင်းပွဲအများကြီးနဲ့ထမင်းဝိုင်းကို တစ်ခါမှ မမြင်ဘူးခဲ့။ ဟင်းပွဲတွေက နည်းသလားလို့။ စားပွဲရှည်ကြီးအပြည့်။

"ဧကရာဇ် ဒီဘက်က ဧကရာဇ်ရဲ့ယောက္ခတော်ရမယ့်သူတွေ။ မြေးဘုန်းမြတ်ရဲ့ဖေဖေနဲ့မေမေ ဦးမျိုးနေနဲ့ဒေါ်မေနိုင်းလို့ခေါ်တယ်"

"ဟုတ်ကဲ့ ကိုယ်တော်က သျှင်ဒီပါဧကရာဇ်ပါ"

ဦးမျိုးနေ မျက်ခုံးပင့်သွားသည်။ တမူထူးခြားတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်သုံးတာ ကိုယ်တော်ဆိုတဲ့အသုံးအနှုန်းက ရှေးခေတ်ကိုရောက်လွန်းတယ်မဟုတ်ဘူးလား။ ပြီးတော့ သေချာကြည့်တော့မှ ဆံပင်အရှည်ကြီးနဲ့။ ရုပ်ရည်ကတော့ ပြောစရာမလိုပါဘူး။ ဦးမျိုးနေ သားကိုကြည့်လိုက်တော့ အေးဆေးပင်။ အင်းလေ သားအေးဆေးတယ်ဆိုရင် ပြီးတာပါပဲ။

Connecting [Complete]Where stories live. Discover now