Part 21

2.8K 274 14
                                    

U+Z


အဖြစ်အပျက်တွေပြီးသွားချိန်မှာတော့ ဘုန်းမြတ်ရဲ့အမျိုးသားဖြစ်သူ သျှင်ဒီပါဧကရာဇ်ကို overseas မှာကုသနေတယ်လို့ သတင်းထွက်သွားသည်။ ထို့ကြောင့် ဘုန်းမြတ်ကိုလည်း အပြင်မှာတွေ့ရဖို့ခဲရင်းသလို တစ်ခါတလေ လုပ်ငန်းမှာလဲတွေ့ရတာရှိသည်။ မြတ်သိင်္ဂီကတော့ လူသတ်ရန်ကြံစည်မှု၊ လူသေရန်ကြံစည်မှု၊ နာကျင်စေမှု စသည်ဖြင့်အမှုပေါင်းများစွာနှင့် တရားရင်ဆိုင်နေရတော့သည်။

"ဒီလိုပုံစံမဟုတ်ဘူး။ ဒီနေရာကို နည်းနည်းထပ်ဖြည့်ပါအုန်း"

ပန်းချီဆရာကိုအိမ်ခေါ်ပြီး ပန်းချီဆွဲခိုင်းနေတဲ့ဘုန်းမြတ်။ သူဆွဲခိုင်းနေတဲ့ပုံတွေကတော့ ဇဘူဒီပါတိုင်းပြည်ရဲ့ပုံဖြစ်ကာ နန်းတော်ကိုလည်း သူမြင်ခဲ့သည့်အတိုင်း အသေးစိတ်ဆွဲခိုင်းနေသည်။ ဇဘူဒီပါတိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတွေရဲ့ဝတ်ပုံစားပုံကအစ၊ ဈေးတန်းကအစ ဆွဲနေတာဖြစ်ကာ သူစိတ်တိုင်းကျအောင် ပန်းချီစရာကရေးဆွဲပေးနေရသည်။ Google မှာလည်း ဇဘူဒီပါတိုင်းပြည်ဆိုပြီးရှာရင် ရှာတွေ့နေပြီဖြစ်ကာ နန်းတော်ပုံစံကိုမြင်ရမှာဖြစ်၏။ လိုအပ်တဲ့အချက်အလက်တွေကိုထပ်ဖြည့်နေတဲ့ ဘုန်းမြတ်က သူမြင်ခဲ့ရတဲ့၊ သွားခဲ့ရတဲ့တိုင်းပြည်ရဲ့ အသေးစိတ်ကို ပုံဖော်ဆွဲခိုင်းနေတာဖြစ်သည်။

လက်ရှိမှာတော့ ဖုန်းနှင့်လဲဆက်သွယ်မရတာ တစ်လကျော်တော်ကြာနေပြီဖြစ်သည်။ သူ့ရဲ့အရှင်ဘာမှမဖြစ်ဘူးဆိုတာကိုတော့ ဘုန်းမြတ်သိသည်။ သူ့ဆီပြန်လာလို့မရသေးတဲ့ အကြောင်းပြချက်ကိုတော့ သူ,မသိသေး။ အရှင်ပြန်လာတာကို သူအခန်းထဲမှာအမြဲစောင့်နေမိသည်အထိ။ အပြင်ထွက်ဖြစ်ရင်လည်း ပြန်လာရင်အခန်းထဲပြေးဝင်ရတာအမော။ သူအပြင်ထွက်နေတုန်း ပြန်ရောက်များ ရောက်နေမလားလို့။ တကယ်တမ်းတော့ သူ့ဆီကိုအခုအချိန်အထိ ပြန်ရောက်လာခြင်းမရှိသေးပါ။ ညတိုင်း သူဘယ်လောက်လွမ်းစွတ်တမ်းတနေလိုက်ရလဲ။

အခန်းထဲမှာရှိတဲ့ ဇဘူဒီပါတိုင်းပြည်မှာကျင်းပတုန်းက မင်္ဂလာပုံတူပန်းချီကိုကြည့်ပြီး အလွမ်းဖြေပေမယ့် အလွမ်းမပြေ။ အားလုံးမှတ်မိနေပြီဖြစ်တဲ့သူက လူတစ်ယောက်လုံးဘေးမှာရှိတုန်းကတောင် တဖွဖွကြည့်နေမိတာကို အခုဆိုမတွေ့ရတာ တစ်လကျော်ပြီဖြစ်တာကြောင့် သူ့ရဲ့စိတ်တို့က ပျောက်ပျက်သွားခြင်းမရှိပဲ ပိုပိုလွမ်းနေမိသည်။ ဖိုးဖိုးရဲ့ခြံဘက်ကိုလည်းခဏခဏသွားဖြစ်နေ၏။ အရှင်များပေါ်လာလေမလားဆိုသည့်စိတ်နှင့်။ အခုအချိန်ထိ အရှင်ပေါ်လာခြင်းမရှိသေးပါ။ သူထင်သလိုများမဟုတ်ပဲ အရှင်အဆင်မပြေလို့များဆိုပြီးတွေးမိလျှင် လူကနေလို့ထိုင်လို့မရသလို တစ်နေလုံးစိတ်တွေက ဂနာမငြိမ်ပဲဖြစ်နေသည်။

Connecting [Complete]Where stories live. Discover now