Part 6

2.8K 221 15
                                    

U+Z


အိမ်ရှေ့စံက ကြင်ယာတော်နဲ့အတူ အပြင်ကိုလျှောက်လယ်နေတယ်' ဆိုတဲ့စကားကြောင့် တိုင်းသူပြည်သားတွေကသူတို့ရောက်နေတဲ့နေရာမှာများ အိမ်ရှေ့စံနဲ့ကြင်ယာတော်ကို တွေ့လို့တွေ့ငြား ရှာဖွေကြည့်နေကြသည်။ လက်ရှိမှာတော့ သူတို့ရှာဖွေတွေ့ရှိခြင်းမရှိသေး။

"ဘုန်းမြတ်သက္ကရာဇ်နွေ လာဒီကို"

အသံကမတိုးမကျယ်နဲ့သူတို့နှစ်ယောက် လုံလုံလောက်လောက်ကြားရသည်။

"ဒါက ဇဘူဒီပါတိုင်းပြည်ရဲ့ဈေးတန်းပေါ့"

"အင်း ဒီကအစားအသောက်တွေလည်း စားလို့ကောင်းပါတယ်။ မင်းကိုဝယ်ကျွေးမယ်"

တကယ်လည်းသူစားချင်ရင်ဝယ်ကျွေးမှရမှာပေါ့။ အပြင်ထွက်တာမရှိပဲ နန်းတွင်းထဲမှာတစ်ရက်နေလိုက်တဲ့သူက ဒီဘက်ကသုံးတဲ့ currency type ကိုသိလိုက်ပြီး သူတို့သုံးတဲ့ပုံစံနဲ့မတူပေ။ သူတို့သုံးတဲ့ ငွေကြေးအမျိုးအစားက တန်ဖိုးတော့ရှိလိမ့်မှာ။ အပြင်ကိုရောက်သွားရင် ဘာနဲ့ပြန်လဲလို့ရမလဲ ဘုန်းမြတ်စိတ်ဝင်စားမိသည်အထိ။ ပြောရမယ်ဆို ရွှေဒင်းဂါးတွေလို့ပြောရမှာပေါ့။

"ဒီဆိုင်ကိုဝင်လိုက်"

သျှင်ဒီပါ စောင်းငဲ့ကြည့်လိုက်သည်။ ဒီကိုလာပြီး သူ့ကိုဆရာလုပ်နေတဲ့ ဘုန်းမြတ်သက္ကရာဇ်နွေ။ ဒါပေမယ့် ဘုန်းမြတ်သက္ကရာဇ်နွေရွေးလိုက်တဲ့ဆိုင်က တကယ်လည်းအဆင်ပြေတာကြောင့် သျှင်ဒီပါ မငြင်းတော့ပဲဝင်သွားလိုက်သည်။

"ဒေါ်ဒေါ် စွပ်ပြုတ် နှစ်ပွဲပေးပါ"

ဘုန်းမြတ် ဆိုင်ကိုအကဲခတ်နေလိုက်၏။ ဆိုင်ကအိမ်ဆိုင်လေးဖြစ်ပြီး သပ်ရပ်သည်။ အိမ်က သစ်လုံးတွေနဲ့ဆောက်ထားတာဖြစ်ပြီး ရှေးဟောင်းဆန်တာပေါ့။ အင်းလေ သူရောက်နေတာ ဒီလိုနေရာဖြစ်နေတာကို။ သျှင်ဒီပါ မှာလိုက်တာကိုပဲ စောင့်ပြီးစားလိုက်ဖို့ပဲ စဉ်းစားလိုက်သည်။ သူက ဒီကအစားအသောက်တွေနဲ့ရင်းနှီးတာမဟုတ်တော့ ကွဲပြားနေတာတွေဘာတွေနားမလည်တာကြောင့်။ နန်းတွင်းထဲမှာတော့ အစားအသောက်က တော်တော်ကောင်းတယ်လို့ပြောရမှာ။

Connecting [Complete]Where stories live. Discover now