Part 10

2.8K 226 14
                                    

U+Z

"Congratulation ဘုန်းမြတ်"

"အင်း"

မင်္ဂလာကိစ္စကြေငြာပြီး နောက်ရက်မှ ဖူးငုံနဲ့ဆုံဖြစ်ကာ ဖူးငုံ မင်္ဂလာပွဲအတွက် ဂုဏ်ပြုရသည်။ သူ(မ)က ရုပ်ပျက်ဆင်းပျက်အထိ ဖြစ်ပြနေမှာတော့မဟုတ်။ ရင်ထဲကအပူကို ထုတ်ပြဖို့က မဖြစ်နိုင်ဘူး။ သူ(မ)က တစ်ယောက်ထဲသမားမို့ ရူးရူးမိုက်မိုက်ဆုံးဖြတ်ချက် ချကောင်းချနိုင်ပေမယ့် သူ(မ)မှာ မေမေတစ်ယောက်လုံးရှိနေသေးတယ်။ ဘုန်းမြတ်ကို ကြည့်ရတာလည်း အေးဆေးဖြစ်နေသလိုပင်။ တကယ်ပဲ ဘုန်းမြတ်က ယောက်ျားလေးအချင်းချင်းလက်ထပ်ဖို့ စိတ်ပါနေတာလား။

"ဒါနဲ့ ဖူးငုံချယ် မေမေရော အဆင်ပြေရဲ့လား"

ထိုအမေးစကားက သူ(မ)ကို ရင်ခုန်စိတ်လှုပ်ရှားစေသည်။ ဒါဆို သူ(မ)ရဲ့အခြေအနေတွေကို ဘုန်းမြတ် သိသွားပြီဆိုတဲ့သဘောပေါ့။ သိရဲ့သားနဲ့ဘုန်းမြတ်က ဒီအတိုင်းတည်ရှိနေတာဆိုရင်တော့ သူ(မ)အတွက် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ပေ။ တကယ်ပဲ ဟိုအစ်ကိုနဲ့လက်ထပ်ဖို့ကို စိတ်ပါနေတာမဟုတ်လား။ ပိုင်ဆိုင်ခွင့်မရတော့ဘူးဆိုရင်တော့ စွန့်လွှတ်ဖို့ကိုလည်း လက်ခံနိုင်ရမှာပေါ့။ သူ(မ)ရဲ့ဆုံးဖြတ်ချက်ကိုတော့ နောင်တရချင်သား။ ဒါပေမယ့် မိဘကိုသိတတ်တဲ့သူ(မ)က မိဘနဲ့နှလုံးသားကိစ္စနဲ့ပတ်သက်နေရင် မိဘရှိသ၍တော့ မိဘကိုပဲ ဦးစားပေးဖြစ်နေမှာ သေချာနေသည်။

"ပြောပါတယ် မေမေက ဒီလိုပဲ စောင့်ကြည့်နေရတာပေါ့။ ဖေဖေ မရှိတော့မှ ပိုဆိုးသွားတာ"

"အင်း။ ဒါနဲ့ ပြန်လာခဲ့သေးတယ်ဆို"

"ဟုတ်တယ် ဖေဖေ့ကျန်းမာရေးကြောင့် ပြန်လာတာ။ ဘယ်သူနဲ့မှလည်းမတွေ့ဖြစ်ပါဘူး"

သူ ထွက်သွားပြီးမှ ဖေဖေ့ကျန်းမာရေးအခြေအနေကြောင့် ပြန်လာခဲ့ပေမယ့် ကိုယ့်အပူနဲ့ကိုယ် သူငယ်ချင်းတွေကိုလည်း ဆက်သွယ်ဖို့မေ့နေတာ။ ဟင်္သာ သိတယ်ဆိုတာက ဟင်္သာက သူ(မ)နဲ့အနီးဆုံးမှာရှိလို့ သိနေတာ။ 

"အင်း ဒီမှာအလုပ်လုပ်ရတာ အဆင်မပြေရင်လဲ ပြော"

"အေးပါ။ ကျေးဇူးတင်ပါတယ်"

Connecting [Complete]Where stories live. Discover now