Part 16

2.6K 200 9
                                    

U+Z
[ရိုး' version အဟောင်း တစ်အုပ် sample ကဆုဆီမှာရှိတာကြောင့် ရေဘေးအတွက် စာအုပ်မဲလေးလုပ်ထားပါတယ်ရှင့်။ Ahj ဆိုတဲ့ ဂျူးအကောင့်လေးမှာ ဝင်ကြည့်ပြီး ၁၀၀၀ နဲ့ ကံစမ်းမဲစမ်းနိုင်ပါတယ်။ ၁၀၀၀ နဲ့ရေးဘေးအလှူလဲဖြစ်သွားပါတယ်။ တိုက်တွန်းပေးတာပါရှင့်။ ရေဘေးကြုံနေရသူများအားလုံးကို ဆုတောင်းပေးကြပါအုန်းနော်]

စည်တော်တွေတီးခက်ပြီး ထိမ်းမြားခြင်းအခမ်းအနားကို မြိုင်ဆိုင်အောင်ကြိုဆိုနေကြသည်။ ဝတ်ရုံတော်ဝတ်နေပြီဖြစ်တဲ့ အိမ်ရှေ့စံနှစ်ယောက်ကတော့ ဒီနေ့မှာတစ်ယောက်နဲ့တစ်ယောက် နန်းဆောင်ခြားနေတော့သည်။ သူတို့နှစ်ယောက်လည်း အတော်အတန် ရင်းနှီးမှုရနေပြီဖြစ်ကာ သက္ကရာဇ်ဘက်က အတင်းလိုက်ရောနေလို့ ရင်းနှီးမှုရနေတာဖြစ်ကာ ဧကရာဇ်ဘက်ကလည်း လိုက်လျောညီထွေဆက်ဆံလို့ဖြစ်၏။

"သားတော် သေချာပြီလား"

"အခုပဲ ပွဲလုပ်နေပြီ ခမည်းတော်"

"သားတော်ရဲ့ အိမ်ရှေ့စံနေရာက သားတော်အတွက် အမြဲအသင့်ရှိတယ်။ သားတော် အချိန်မရွေးတောင်းဆိုလို့ရတယ်"

ခမည်းတော်တစ်ယောက် တိုင်းပြည်ရဲ့ရှင်ဘုရင်တစ်ယောက်အနေနဲ့ မိဖုရားခေါင်ကြီးကမွေးပေးခဲ့တဲ့ အကြီးဆုံးသားတော်ကို တိုင်းပြည်ရဲ့ရှင်ဘုရင်နေရာကိုဆက်ခံစေချင်ကြတာကြီးပါပဲ။ ကျန်ရှိနေတဲ့သားတော်တွေကလည်း သူ့နေရာနဲ့သူထက်မြက်ပြီးတော်ကြပါတယ်။ ဇဘူဒီပါတိုင်းပြည်မှာကတော့ သားတော်တစ်ပါးပဲရှိတာကြောင့် ဒီသားတော်တစ်ပါးကပဲ နန်းတက်ရမှာဆိုတော့ သူ့အနေနဲ့သူတို့ဘက်ကို ခေါ်လို့မဖြစ်။ သားတော်ကလည်း ဒီတိုင်းပြည်ရဲ့အိမ်ရှေ့စံကိုရည်ငံသွားထဲက ဒီအကြောင်းအရာတွေကို လေ့လာစူးစမ်းပြီးသားဖြစ်ပြီး သူဆက်ခံရမည့်အိမ်ရှေ့စံအရိုက်အရာကိုစွန့်လွှတ်မယ်လို့ ဆိုလာတာကို ခမည်းတော်ဖြစ်တဲ့သူက သေချာသိထားပြီးသား။ အခုတော့ သားတော်က ရဲရင့်မှုကိုဖော်ဆောင်တဲ့ အနီရင့်ရင့်ဝတ်ရုံတော်နဲ့ ခေါင်းဆောင်းကိုဆောင်းကာ ပွဲထဲကိုဝင်ဖို့ အဆင်သင့်ဖြစ်နေ၏။

တစ်ဖက်က အိမ်ရှေ့စံဧကရာဇ်လည်းထိုနည်းတူပင်။ အပြင်အဆင်များအားလုံးပြီးပြီဖြစ်ကာ အသွင်အပြင်က ပြီးပြည့်စုံနေသည်။ ဧကရာဇ်ရဲ့အသားဖြူဖြူမှာ အနီရင့်ရင့်နှင့်ပိုမိုပေါ်လွင်ကာ အရာအားလုံးက သူ့ဆီမှာဖြစ်နေသလို။

Connecting [Complete]Where stories live. Discover now