Part 14

61.4K 322 2
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-14)

''ဘာလဲ ငါ နောက်ထပ် နင့်အိမ်ကို လာရဦးမလား''

မေမဒီ လုပ်ပေးသွားတဲ့ အကြံအစည်ကြောင့် ဓနမော်ကွန်း တော်တော်လေး အဆင်ပြေသွားသေးလို့ ပြောရမည်။ အရင်ကဆို အနားကပ်ရင်တောင် တွန်းကန်ငြင်းဆန်နေတတ်တဲ့ သူမက အခုဆိုရင် သူမကပဲ အရင်လာကပ်နေတော့သည်။ အရင်ကဆို ဘာမှမပြောရဲဘဲ လူကြီးလေးတစ်ယောက်လိုအရမ်းည်ငြိမ်ပြတဲ့ သူမက အခုဆိုရင် ကလေးလေးလို ချွဲတတ် နွဲ့တတ်နေပြီ။ သူ့ကိုလည်း တစ်ခုခုဆို ပူဆာတတ်နေပြီ။

''ကျေးဇူးတင်တယ်လို့ ပြောရမလား အဟား ဘာ လိုချင်လဲပြောလိုက် စီစဉ်ပေးမယ်''

''အံမယ် ငါက လက်ဆောင်လိုချင်လို့ နင့်ကို ကူညီပေးတယ် ထင်လို့လား၊ သဝန်တိုနေတဲ့ နင့်မိန်းမ မျက်နှာလေးကို အရမ်းကြည့်လို့ ကောင်းလို့ ငါကစနောက်နေတာပဲရှိတာ''

'' ဘယ်လိုပဲဖြစ်ဖြစ် ငါ နင့်ကို ကျေးဇူးအရမ်းတင်တဲ့အနေနဲ့ မြဝတီက မြေကွက်ကို ငါ အပိုင်ပေးမယ်''

''ဘယ်လို ဟဲ့ မြဝတီက မြေကွက်..ဟုတ်လား''

မြဝတီက မြေကွက်တွေက နှစ်တွေ အောင်းထားနိုင်လေလေ တော်တော်လေးကို တန်ဖိုးတက်လေပင်။ ဒါကို သိကြတဲ့ စီးပွားရေးသမားတွေက အပြိုင်အဆိုင် လုဝယ်နေကြရတာ ။ ဒါတောင် ပိုက်ဆံသိန်းပေါင်းသောင်းချီပြီး ပြိုင်ပေးတာတောင် လွယ်လွယ်ကူကူနဲ့ မရနိုင်တဲ့ ​မြေကွက်တွေကို ဓနမော်ကွန်းက ရက်ရက်ရောရော ပေးလေသည်။

''ငါတောင်းတာ မဟုတ်ဘူးနော် နင်ပေးတာ''

''ဟုတ်ပါတယ် ငါ နင့်ကို ကျေးဇူးတင်လွန်းလို့ ပေးတာပါ၊ ဒီကိစ္စအတွက် ဘာမှ မပူနဲ့၊ ငါ ပေးချင်လို့ ပေးတာ''

''အဲဒါဆိုရင် ကျေးဇူးတင်တယ်၊ နောက်ဆို နင့်အိမ်ကို များများလာလည်ပေးမယ် ဟုတ်ပြီလား''

''ဟားဟား''

ဓနမော်ကွန်းရဲ့ ကျေနပ်သလို တဟားဟား အော်ရယ်အသံကြီးက ဖုန်းထဲကနေတောင် ထိုးထွက်လာသည်။

ဒီကောင် တော်တော် ပျော်နေတာ..။ မိန်းကလေးခပ်ငယ်ငယ်ချောချောလေးကို ယူပြီး ဘယ်လိုကိုင်တွယ်ရမှန်းမသိတဲ့ လူပျိုသိုးကြီး။

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Where stories live. Discover now