ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-18)
''အေး ဒီနားကို နှိပ်စမ်းပါ အမလေး လက်တွေကလည်း အားပျော့လိုက်တာ ခြေထောက်တွေကိုလည်း ပြင်းပြင်း နှိပ်ပေးစမ်းပါ ညောင်းလိုက်တာမှ ပြောမနေနဲ့''
အိမ်ကအလုပ်သမားတွေကို ဆောင်းရတီဆိုတဲ့မိန်းမက နင်းနှိပ်ခိုင်းနေသည်။ စေခိုင်းတာကအကြောင်းမဟုတ်ပေမဲ့ ဗျစ်တောက်ဗျစ်တောက်နဲ့ အလုပ်သမားတွေ ဆူနေတာက တကယ့်ကို အမြင်ကပ်ဖို့ ပိုကောင်းနေသည်။ မသိရင် သူကပဲ အိမ်ကြီးရှင်အတိုင်း..။
ဆောင်းရတီဆိုတာက ဦးဓနမော်ကွန်းရဲ့ ရင်သွေးကို မွေးဖွားပေးရမယ့်သူ။ ဒါကြောင့်လည်း အလုပ်သမားတွေက သူဘာလုပ်လုပ် ဘာပြောပြော ဘာခိုင်းခိုင် အကုန်လုပ်ပေးနေတာပင်။ ဦးဓနကလည်း သူမကို ဒီလိုအခွင့်အရေးပေးထားတာပဲမလား။
ကြွေရုပ်လွှာတို့တောင် အလုပ်သမားတွေကို တစ်ခုခုခိုင်းချင်ရင် အစ်မရေဒါလေးလုပ်ပေးပါဦးနော်..အစ်မရေဒါလေးလိုချင်လို့ပါနော်..ဆိုတဲ့ အသံချိုချိုသာသာလေးနဲ့ပဲ ပြောဆိုဆက်ဆံသည်။ ကြွေရုပ်လွှာကလည်း ဘယ်ဘဝက တက်လာတဲ့သူမို့လို့လဲ။ လူအချင်းချင်း မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံဖို့မှ မဟုတ်တာ။
ဆောင်းရတီဆိုတဲ့မိန်းမက တစ်ခါတလေ ကြီးမော်ကိုတောင် ဆူငေါက်လိုက်သေး။ သူ့ထက်အသက်နှစ်ဆကြီးတဲ့ အမျိုးသမီးကိုမှလေ..။''အား ဘယ်လိုနှိပ်နေတာလဲ နာလိုက်တာ ''
ကလေးမလေးတစ်ယောက်က သူမပခုံးကို နှိပ်ပေးတာ အားပြင်းသွားတာကြောင့် ဟိုကလေးမလေးကို ဆောင့်တွန်းလိုက်တော့ ကြမ်းပြင်ပေါ် ပုံပုံလေး လဲကျသွားသည်။
ဒီအခြင်းအရာကို မြင်လိုက်တော့ ကြွေလည်း မနေနိုင်တော့ပေ။
''နင်တို့က ငါ့ကို ဘယ်လိုထင်နေကြတာလဲ ၊ ငါက ဒီအိမ်ရဲ့ သခင်လေးကို မွေးပေးမဲ့မိခင်နော်၊ နင်တို့ဘယ်လိုဆက်ဆံနေတာလဲ၊ အားလုံးကိုအလုပ်ထုတ်ပစ်လိုက်ရမလား''
ကြွေရုပ်လွှာကလည်း အစကတည်းက သူမဘာသာ အေးအေးဆေးဆေးနေမလို့ပါ။ ဒါပေမဲ့မျက်စိရှေ့မှာ မြင်နေရတော့ စိတ်က ကလိကလိဖြစ်လာတာနဲ့ သူမအရှေ့ သွားလိုက်ပြီး..
''ဒီမှာ.. ဒီအိမ်မှာ ရှိတဲ့ အလုပ်သမားတွေက သူ့နေရာနဲ့သူအားလုံး နေရာတကျ ရှိထားပြီးသား ၊ ထမင်းချက်ရမယ့်သူကို နှိပ်ခိုင်းနေတာမျိုး၊ ခြံထဲမှာ ပန်းပင်ရေလောင်းရမယ့်သူကို နှိပ်ခိုင်းနေတာမျိုးတော့ မဟုတ်သေးဘူး''
![](https://img.wattpad.com/cover/347529147-288-k173329.jpg)
YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Viễn tưởngအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။