ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-22)
''ဒီရက်ပိုင်း အပြင်မထွက်နဲ့ ''
''ဘာဖြစ်လို့လဲ''
''ကိုယ် ပြောသလိုပဲ လုပ်စမ်းပါ အပြင်မထွက်နဲ့ ကိုယ် စိတ်ပူတယ်''
မျက်နှာနုနုလေးကို လက်လေးနဲ့ ပွတ်သပ်ကာ ဆိုနေမိသည်။ ရာဇဝတ်ကောင်တွေက ပြောလို့ရတာမဟုတ်ဘူး။ အခွင့်ကောင်းကို ချောင်းနေကြတာ အလစ်ဖမ်းပြီး ကိုယ့်ကို ဒုက္ခပေးဖို့ ကြံနေကြတဲ့လူတွေချည်းပဲ။
Diamond ဂိုဏ်က လူတွေ သူ့ဆီကို တစ်ခါပြီးတစ်ခါ အခေါက်ခေါက်အခါခါ လာပြီး ညှိနှိုင်းဆွေးနွေးခဲ့ဖူးသည်။ လာတဲ့အခေါက်တိုင်းလည်း သူ့ဘက်က ယတိပြတ် ငြင်းခဲ့တာချည်းပင်။ ဒါကိုမကျေနပ်တာ မဆန်းပါဘူး။
တစ်ခုပဲ ကြွေရုပ်လွှာက သူကာကွယ်မပေးနိုင်တဲ့ ရပ်ဝန်းဆီကို ရောက်သွားမှာ အင်မတန်မှစိုးကြောက်နေရသည်။ ဘာတွေက ဘယ်လိုပဲဖြစ်သွားပါစေ ကြွေရုပ်လွှာဆိုတဲ့ မိန်းကလေးကိုတော့ ခြစ်ရာတစ်စုံတစ်ရာမှ မရှိစေချင်တာ သူ့အတ္တ။
''ကြွေ..''
''ရှင့် ဦး!..''
'' ကိုယ် ကြွေကို ချစ်မိနေပြီထင်တယ်''
''ဘယ်လို!..အဟင့်''
မျက်လုံးလေးက ဝိုင်းစက်ကာ အံ့ဩသလို တန့်သွားပြီးတော့မှ မျက်နှာအဝိုင်းလေးက ငိုမဲ့မဲ့လေးနဲ့ မဲ့ချလာသည်။
''ဘယ်လို..ဘယ်လိုဖြစ်တာလဲ ငိုမလို့လားဟင်''
မှေးလေးကနေ လက်လေးနဲ့ ပင့်ကာ ဖွဖွလေးပြောတော့ ဘာမှမပြောဘဲ နှုတ်ခမ်းလေးက ဆူထွက်လာပြီး သူ့ကိုသာ အားကိုးတကြီး ဖက်တွယ်လာသည်။
'' ကြွေ မယုံရဲဘူး အဟင့်''
မဝံ့မရဲလေးပြောလာတဲ့ ကြွေရုပ်ကို ရယ်ချင်ပေမဲ့ သနားလည်းသနားရသည်။ ရင်ခွင်ထဲက သူမလေးကို ပိုပြီးတော့သာ ဖက်ထားလိုက်သည်။
''မော့ပါဦး ကလေးလေးရဲ့ အသက်တွေအများကြီး ကွာနေတဲ့ ကိုယ့်ကိုရော ချစ်ရဲ့လား''''မမေးနဲ့''
''ဘာလို့လဲ''
''ဦးသိနေပြီးသားပဲဟာကို''
![](https://img.wattpad.com/cover/347529147-288-k173329.jpg)
YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Fantasyအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။