Part 31

53K 302 3
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-31)

''အဟင့် ဦး ကြွေကိုလွှတ်ပေးပါ ကြွေက ဒီလိုမိန်းမစားမဟုတ်ဘူး ..''

..

''ဆေးကြောင့်အသိတရားမရှိတဲ့အချိန်မှာ မင်းကို စော်ကားမိခဲ့လို့ ငါ့ကိုယ်ငါ ဒေါသထွက်နေတာအမှန်ပဲ၊ ဒါပေမဲ့ဒါတွေအားလုံးက ငါ့အပြစ်မဟုတ်ဘူးလေ၊ ဆေးခတ်တဲ့ မင်းအလုပ်ရှင်ရဲ့အမှားတွေပဲ၊ အဲဒီတော့ မင်းအပြစ်တင်ချင်ရင် အဲဒီလင်မယားကိုတင်''

..

''ဟင်းချက်တာကို ဝါသနာပါတာသိပေမဲ့ ဒီလောက်အသေးစိတ်ထိ လိုက်မလုပ်နဲ့၊ မင်းလုပ်ရမှာက ကိုယ့်ရဲ့ဝေယျာဝစ္စတစ်ခုတည်း၊ ကိုယ် ပြောတာကြားလား''

..

''ဘယ်လိုဖြစ်လို့ အဝေးကိုသွားနေတာလဲ၊ မင်းယောက်ျားအနားမှာ ကပ်နေရမှာမဟုတ်ဘူးလား ''

..

''မင်းနဲ့ကိုယ့်ရဲ့ ကြားမှာကွာခြားချက်တွေ အများကြီးပဲ၊ မင်းနဲ့ ကိုယ်ကြားမှာ အရမ်းကို ညှိယူရဦးမှာ အများကြီးပဲရှိသေးတယ်၊ ပြီးတော့ ဘယ်လိုပဲပြောပြော မင်းနဲ့ကိုယ်က လင်မယားတွေဖြစ်သွားပြီ၊ ကိုယ်ပြောတာ သဘောပေါက်လား..''

..

''ကိုယ်ကလည်း မင်းကို ကျေးဇူးတင်တယ်၊ ကိုယ့် လို လူအိုကြီးရဲ့အနားမှာ ရှိနေပေးလို့၊ ကိုယ်စိတ်ဆိုးတိုင်း ကိုယ်အော်ငေါ​က်တိုင်း မငြီးမငြူ အနားမှာ ရှိနေပေးလို့ ကိုယ်ကသာ ကျေးဇူးတင်ရမှာ ၊ ကြွေကို အရာရာတိုင်းထက် ပိုပြီးမြတ်နိုးတယ် ချစ်တယ်ကလေးလေး..''

..

''မဟုတ်တာ မဟုတ်တာပါဦးရယ်၊ ကြွေလည်း ဆိုးခဲ့တာတွေ ရှိတာပဲ၊ ကြွေကတော့ အသက်နဲ့ခန္ဓာရှိနေသရွေ့ ဦးဓနမော်ကွန်းရဲ့ အနားမှာပဲနေမှာ၊ ဦးနဲ့ ကလေးလေးတွေအများကြီးမွေးမယ်၊ ဦးဓနနဲ့ အတူတူ ကောင်းအတူဆိုးဖက် သံသရာမှာ ဆက်ထုံးလေးတွေ အဆင့်ဆင့် ချည်နှောင်ကြမယ်နော်..''

အတိတ်မှာပြောခဲ့တဲ့စကားလုံးတွေ ကြွေရုပ်လွှာခေါင်းထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာသလို ဖြစ်ခဲ့တဲ့ အကြောင်းအရာတစ်ခုချင်းစီကိုလည်း မှတ်မိလာသည်။ သူမဟာ အတိတ်ကို ပြန်လည်သတိရလာခဲ့ပြီ။ ထိုအထဲတွင် အပျော်ဆုံးကတော့ ဦးဓနမော်ကွန်းပါပဲ။

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Where stories live. Discover now