ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-19)
''ဒါကိုတော့ ငါအားမပေးဘူး''
'' ငါလည်း ခေါင်းရှုပ်လို့ မင်းဆီကို ထွက်လာခဲ့တာလေ''
''မင်းလိုအရွယ်ကြီးနဲ့ အဘိုးကို ကြောက်နေရတာတော့ မမိုက်ဘူး''.
ထက်ရောင်ဝါ ပြောလည်းပြောချင်စရာ အသက်လေးဆယ်ကျော်ဓနမော်ကွန်းလို လူက အဘိုးတစ်ယောက်ကို ကြောက်ရွံ့နေရတယ်ဆိုတာတော့ မဟုတ်သေးဘူးမလား။ ဒါပေမဲ့ အဖိုး သူ့အပေါ်ဘယ်လောက်ကောင်းခဲ့လဲ ဘယ်လောက်ပေးဆပ်ခဲ့လဲ ဘယ်လောက်မြေတောင်မြှောက်ပေးခဲ့လဲဆိုတာ သူအသိဆုံး။ ဒါကြောင့် အဘိုးရဲ့အမိန့်တွေအောက်မှာ လွန်မဆန်နိုင်ခဲ့တာ။
''ငါတို့နိုင်ငံမှာက တစ်လင်တစ်မယားစနစ်နော်၊ အိမ်ပေါ် မိန်းမနှစ်ယောက် ခေါ်တင်ထားတယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး''
''ဒါဆို ငါဘယ်လိုလုပ်မလဲ ဟိုမိန်းမကို အိမ်ပေါ်က နှင်ချရမလား''
''နှင်ချသင့်ရင်လည်း နှင်ချရမှာပေါ့''
''အဲဒါဆို အဘိုး ..''
''မင်း အဲဒါကို တွေးကြောက်နေလို့မရဘူး ငါနားလည်တယ် ဒီကိစ္စအတွက်နဲ့ မင်းက မင်းမိန်းမကို စိတ်ဆင်းရဲစေချင်လား''
ဒီလိုဆိုတာလည်း ဓနက ခေါင်းခါရမ်းပါသည်။ ဦးနှောက်တွေလည်း ရှုပ်ထွေးရသည်။ တစ်နိုင်ငံလုံးရဲ့ ကုန်သွယ်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အထေ့အငေါ့အတားအဆီးမရှိ အုပ်ချုပ်ဦးစီးနိုင်ပေမဲ့ ဒီကိစ္စအတွက်တော့ ဓနမော်ကွန်းမှာ ဖြေရှင်းဖို့နည်းလမ်းတွေ မရှိတော့ပါ။
အဘိုးကိုယ်တိုင် အခွင့်အရေးပေးတုန်းက ကြွေရုပ်လွှာက လက်မခံဘဲ အခုမှ မျိုးဆက်ကလေးကို မွေးမယ်ဆိုတော့..။
''ဒီညက ဟိုမိန်းမနဲ့ အတူတူအိပ်ရမယ့်နေ့လား''
''ဟုတ်တယ် အဘိုးက မနက်ကတည်းက ပြောထားတာ ဘယ်လိုလုပ်မလဲ''
..
''ဓန!..''
''မေမဒီ ဒီကို ဘယ်လိုရောက်လာတာလဲ''
မေမဒီက ဒီရောက်လာတာကြောင့် ဓန အံ့အံ့သြသြ လှည့်ကြည့်လိုက်သည်။ တချိန်လုံး အလုပ်ရှုပ်နေတဲ့ မေမဒီက ဒီကိုဘယ်လိုလုပ် ရောက်လာရတာလဲ။
YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Fantasyအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။
