ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-17)
''တောင်းပန်ပါတယ် ကြွေ အနူးအညွှတ် တောင်းပန်ပါတယ် ''
''ထားလိုက်တော့ ကိုယ် ဒီကိစ္စတွေ ပြန်မပြောချင်တော့ဘူး၊ ကိုယ် ပင်ပန်းနေပြီ မင်းလည်းအဆင်ပြေသလိုသာနေ၊ ကိုယ်လည်း နေတတ်သလို နေတော့မယ်''
''ဟင်..''
သူစိမ်းဆန်ဆန်ပြောလာတဲ့ ဓနမော်ကွန်းရဲ့ စကားတွေကြောင့် ကြွေရုပ်လွှာ ဝမ်းနည်းသွားရသည်။
''ဟို.. အဘိုးပြောတဲ့ကိစ္စကိုရော''
'' အဘိုးက တစ်ယူသန်ကြီးတယ် သူဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ကိုယ်လည်းသွားပြီး မပြောင်းလဲနိုင်ဘူး၊ ဒီကိစ္စတွေ ထားလိုက်ပါ ဖြစ်လာတော့လည်း နောက်မှ ရှင်းကြတာပေါ့ ၊ ဒီအခန်းကိုတော့ မင်းပဲ သုံးလိုက်ပါ''
''ဟင်..''
အခန်းတောင် အတူတူ မသုံးချင်တော့တဲ့ ဦးဓနကို ကြွေ ငိုမဲ့မဲ့လေး ကြည့်နေရုံပဲ တတ်နိုင်သည် ။
''စိတ်မပူပါနဲ့ ''
ဘာကို စိတ်မပူနဲ့လို့ ပြောတာလဲ..။ ကလေးမလိုချင်တဲ့ ကိစ္စကိုလား။
'' ကိုယ် ဒီဘက် အခန်းမှာ ရှိမယ်၊ လိုအပ်တာကို လာပြောပါ ''
ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပြီး ဦးဓနက လှည့်ထွက်သွားသည်။ ကွဲမယ်ကွာမယ်လို့ မပြောလာတာကိုပဲ ကြွေရုပ်လွှာ ကျေးဇူးတင်ရမည်။ ဒါတွေအားလုံးရဲ့ တရားခံက သူမပဲမလား။ သူမသာ ပွင့်ပွင့်လင်းလင်း ဦးကို ပြောခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ သူ့ကြောင့် အားလုံးရှုပ်ကုန်ပြီ။
ဦးမင်းထင်မော်ကွန်းကလည်း ဦးဓနရဲ့ ရင်သွေးကို တောင်းနေပြီ။ ကြွေ ကလေးမလိုချင်ဘူးဆိုတာ သိတော့ အခြားမိန်းမတစ်ယောက်နဲ့ အငှားကိုယ်ဝန်ဆောင်ဖို့ထိ ဦးမင်းထင်က အရာအားလုံးအစီအစဉ်တကျ အကွက်ဆွဲထားပြီးသား..။
✅✅✅✅✅✅
''စည်သူ''
''ဘာလဲ''
''ဦးဓနက အခုတလော အလုပ်တော်တော် များနေလားဟင်''
''အလုပ်များတယ်လို့လည်း မဟုတ်ပါဘူး၊ သူဌေးက အမြဲတမ်း အလုပ်ရှုပ်နေတာပဲကို''
YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Viễn tưởngအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။