Part 25

47.7K 301 0
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-25)

''ဒီကောင်ကိုတောင် မထိန်းနိုင်ကြဘူးလား၊ မင်းတို့ ဘာသုံးစားရလဲ၊ အားလုံး အခုချက်ချင်း အလုပ်ထွက်လိုက်ကြစမ်း''

အစောင့်တွေအများကြီးနဲ့ စောင့်ခိုင်းထားတာတောင် ဓနမော်ကွန်းက ဆေးရုံကနေ ထွက်ပြေးသွားတာတဲ့။ လေယာဉ်ကွင်းတွေ အားလုံး လူယုံတွေလွှတ်ပြီး သွားရှာခိုင်းပေမဲ့ ဓနမော်ကွန်းနာမည်နဲ့ ပြည်ပထွက်ခွာမှုမရှိကြောင်းပဲ ပေါ်နေသည်။ ဒီသကောင့်သားက နာမည်အတု passportအတုနဲ့ မြန်မာနိုင်ငံကို ​ခိုးပြန်သွားပြီ။ အဘိုးကို လက်တစ်လုံးခြား လုပ်သွားတာ။

ကိုယ်ကတော့ တစ်ဦးတည်းသောမြေးလေးကို စိတ်ပူလို့ ဘာမှအဖြစ်မခံနိုင်အောင် ကာကွယ်ပေးလိုက်ရတာ ဒီကောင်က သူ့မိန်းမမှသူ့မိန်းမ ..။

မနက်အစောကြီး ကြားလိုက်ရတဲ့ သတင်းက မင်းထင်မော်ကွန်းကို သွေးတိုးဖို့ လုံလောက်စေသည်။ မြေးလေးက သူ့ကိုနေပြန်ကောင်းနေပြီဖြစ်ကြောင်း ဒီတစ်နေ့အဘိုးလာစရာမလိုတော့တဲ့အကြောင်း တစ်ယောက်တည်းအေးအေးဆေးဆေးနေချင်ကြောင်း မလိမ့်တပတ်လုပ်ပြီး လေယာဉ်ကွင်းကို ခိုးသွားကာ မြန်မာပြည်ကို ရောက်ချသွားသည်။

''စေတနာနဲ့မတန်တဲ့ကောင် လွှတ်တောင်ထားလိုက်ဦးမယ်''

မင်းထင်မော်ကွန်းက ဒေါသတကြီး ကြုံးဝါးကာ တအောင့်ကြာတော့ မနေနိုင်တော့ဘဲ ဖုန်းကို ယူထုတ်ကာ မြန်မာပြည်မှာရှိတဲ့ လက်အောက်ခံကုမ္ပဏီတွေ အားလုံးကို အကြောင်းကြားလိုက်ရသည်။ ဓနမော်ကွန်းကို ဘာတစ်ခုမှအထိမခံရဖို့  သေသေချာချာ စောင့်ကြည့်ပေးဖို့..

ကလေးတဲ့ ကြွေရုပ်လွှာမှာ ကလေးရှိနေပြီတဲ့။ စည်သူအနေနဲ့ ဘာကစပြီးဝယ်လို့ဝယ်ရမှန်းမသိ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှမသိတာကြောင့် ဘယ်ကနေဘယ်လိုစပြီး လုပ်ဆောင်ရမှန်း ဘာတစ်ခုမှမသိဖြစ်နေရသည်။ ဒါကြောင့်နီးစပ်ရာ ကုန်တိုက်ကိုပဲဝင်ကာ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့ အရောင်းဆိုင်ကြီးထဲဝင်ပြီး ကြွေရုပ်နဲ့ သင့်တော်မယ်ထင်တဲ့အရာတွေ အရောင်းဝန်ထမ်းမလေးကို မေးမြန်းကာ အားလုံး ဝယ်ချလာသည်။ ဗိုက်ကလေးက ပြားချပ်ချပ်လေး ဆိုပေမဲ့ နောက်ဆို လုံးလုံးဝိုင်းဝိုင်းလေး ဖြစ်လာတော့မှာကို မြင်ရမှာမို့ ရင်တွေခုန်နေရသည်။ ဗိုက်ဖုံးအင်္ကျီလေးတွေ အများကြီးဝယ်ကာ အိမ်သို့ ပြန်လာခဲ့တော့သည်။

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Where stories live. Discover now