Part 16

21.8K 142 0
                                    

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-16)

ကြွေရုပ်လွှာရဲ့ အသုံးအဆောင်ပစ္စည်းတွေ အဝတ်ဘီဒိုတွေမှာ တစ်ခုမကျန် ရှာနေမိသည် ။မျက်လုံးတွေက မနားတမ်း ရှာနေပေမဲ့တကယ်တမ်း စိတ်ထဲမှာတော့ ဘာတစ်ခုမှ မတွေ့ပါစေနဲ့ တိတ်တဆိတ် ဆုတောင်းနေမိသည်။

ကြွေရုပ်က သူ့ကို လိမ်ညာထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဘီဒိုတွေ အခန်းထောင့်တွေ အိပ်ရာခင်းအောက် တစ်နေရာမှမချန် နေရာတိုင်းကို ရှာဖွေနေသည်။

တွေ့ပါပြီ ဆေးကတ်လေး..

သူမအင်္ကျီတွေနဲ့ ထည့်ဖွက်ထားပြီး ဘီဒိုရဲ့အောက်ဆုံးထောင့်လေးနားမှာ တွေ့လိုက်ရသည်။ ဆေးကတ်ကို ယူလိုက်တော့ ဆေးအခွံပေါင်းများစွာနဲ့ သောက်လက်စဆေးတွေကို မြင်လိုက်ရသည်။

အဟက်..

ဆေးထုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းမိလိုက်တော့ ဘာတစ်ခုမှ မပြောနိုင်လောက်အောင် ဆွံ့အသွားသည်။ ပိရိလိုက်တာများကွာ ဘယ်ကတည်းကလည်း ဟုတ်မှာပေါ့ အိမ်ထောင်စယူကတည်းက သောက်နေတာ ဖြစ်မှာပေါ့..။

တစ်ယောက်တည်းနေသားကျနေချိန် တစ်ယောက်သောသူက ဘဝထဲကို ရုတ်တရက် ဝင်လာသည်။ အဲဒီအမျိုးသမီးကိုပဲ မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းသည်။ အဲဒီအမျိုးသမီးနဲ့ပဲ မိသားစုတစ်ခု ထူထောင်ချင်တာ သူ့အပြစ်ဖြစ်သွားလား။ စယူယူခြင်းကတည်းက ကလေးတန်းယူကြရအောင်လို့ သူ့ဘက်က ပြောထားပြီးသား။ အဲဒါကို သူမက ဆေးတွေသောက်ပြီး သူတို့ရဲ့ ရင်သွေးကို မရအောင် တားထားတယ်တဲ့။ သူမက သူ့ရဲ့ရင်သွေးကို မွေးပေးဖို့ ဆန္ဒမရှိတာလား ဘာကြောင့်များလဲ ..။

အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ မျက်လုံးအပြူးသားနဲ့ သူ့ကို ကြည့်နေတဲ့ ကြွေရုပ်လွှာက သူ့လက်ထဲက ဆေးထုပ်တွေကို မြင်လိုက်ရော ခေါင်းလေးက ငုတ်ခနဲ စိုက်ကျသွားပြီး.. ဦးအရှေ့မှာ အမြန် ဒူးထောက်ချကာ..

''ကြွေ တောင်းပန်ပါတယ် ကြွေ တောင်းပန်ပါတယ်''

''အဲဒါ ဘာတွေလဲ ကြွေရုပ်လွှာ ငါ့ကို အားလုံးရှင်းပြစမ်း''

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Where stories live. Discover now