ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-28)
မိုးပြာရောင်ဗိုက်ဖုံးအင်္ကျီလေးနဲ့ အလှကြီးလှနေတဲ့ ကြွေရုပ်လွှာ။ သူမနံဘေးမှာလည်း မျက်စိအောက်က အပျောက်မခံနိုင်ရှာတဲ့ ဓနမော်ကွန်း။အမြဲလိုလို သူ့မျက်စိအောက်မှာသာ နေရသည် ။ လမ်းလျှောက်ထွက်ရင်လည်း နံဘေးက တကောက်ကောက် လိုက်ပေးတဲ့အပြင်သက်တော်စောင့်အယောက်ငါးဆယ်ကလည်း သူတို့အနားမှာ အမြဲတမ်းရှိနေသည်။ ဓနမော်ကွန်းက ခဲမှန်ဖူးတဲ့စာသူငယ်လေးလို ဖြစ်နေတော့ ဘာတစ်ခုမှ အတိမ်းအစောင်းမခံဘဲ အရာရာ သတိကြီးစွာ ထားသည်။
ဘယ်ကိုပဲသွားသွား ဦးဓနမော်ကွန်းနဲ့သာ သွားရပြီး သက်တော်စောင့်တွေအများကြီးပါနေတာကိုလည်း ကြွေရုပ်လွှာအနေနဲ့ အနေခက်တာမျိုးမရှိ။ကြည့်ရတာ ဒီလိုမျိုး အရင်ကနေခဲ့ဖူးတာနဲ့တူပါတယ်။ ဒါကြောင့် အသားမကျတာမျိုးမရှိဘဲ စိတ်ရှုပ်တာတွေမျိုးလည်း ဘာတစ်ခုမှ မခံစားရ။
''အဘိုး!..''
အိမ်ထဲကို ဝင်လာတဲ့ လူတစ်ယောက်ကြောင့် ဓန ထရပ်လိုက်သည်။ ဓန ရပ်လိုက်တော့ ကြွေလည်း အလိုလိုလိုက်ရပ်မိသွားသည်။
အဘိုးတဲ့..ဒီလူကြီးက ဦးဓနရဲ့အဘိုးလား။ စိတ်ထဲမှာ မြင်ဖူးသလိုလိုတော့ရှိပေမဲ့ ဘာတခုမှတော့ မစဉ်းစားမရခဲ့။
အဲဒီလူကြီးက အိမ်ထဲကို ဝင်လာပြီး ကြွေကိုခေါင်းအစခြေအဆုံးကြည့်သည်။ နောက်ပြီး အလယ်က ပူပူလေးဖြစ်နေတဲ့ ဗိုက်လေးကို ၅စက္ကန့်လောက် စိုက်ကြည့်ပြီးမှ မျက်နှာလွှဲလိုက်သည်။
ဓနမော်ကွန်းက ဦးတည်၍ မာန်မဲငေါက်လာသည်။
''မင်း ငါ့ကိုရှိသေးတယ်လို့ထင်သေးလား''
''အဘိုးကလည်း ''
''အဘိုးကလည်းလုပ်မနေနဲ့ ဘာမပြောညာမပြော ငါကို မလိမ့်တပတ်လုပ်ပြီး မြန်မာပြည်ပြန်ချသွားတာလေ၊ ငါက ဟိုမှာဘယ်လောက် ဖင်ကျိန်းနေလိုက်လဲ မင်း မသိဘူးမလား''
''ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် မလာရင် မဖြစ်တော့လို့ပါ၊ ပြီးတော့ ကြွေရုပ်ကကျွန်တော်မရှိဘဲ တစ်ယောက်တည်း ကိုယ်ဝန်လွယ်ထားရတာပါ ၊ တကယ်ဆို ကျွန်တော်က ဒီထက်ပိုပြီးစောစောတောင် ဒီကိုရောက်လာခဲ့သင့်သေးတာ''
YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Fantasyအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။
