👥️Chapter 46
“ယီချန်းယန် .. ခင်ဗျား ဘာကို ကြည့်နေတာလဲ ...”
ရှက်ရွံ့စိတ်များအကြား နစ်မြုပ်နေကာ ယီချန်းယန်ကို စေ့စေ့ပင် စိုက်မကြည့်ရဲခဲ့သည့် ယန်အန်းယုသည်လည်း နောက်ဆုံးတွင် ထူးဆန်းလှသည့် အပြုအမူအား ခံစားမိသွားသည့်ဟန်ပင်။
“မင်းကို ကြည့်နေတာ ...”
ယီချန်းယန်က မျက်လွှာကို ပြန်ပင့်ကာ ယခုအချိန်အထိ ပျောက်ကွယ်မသွားသေးသည့် သူ့ဒူးခေါင်းပေါ်ရှိ အမာရွတ်များနှင့် နောက်ကျောနှင့် ခါးပေါ်ရှိ အနီရောင် ဒဏ်ချက်များ၊ ဘယ်ဘက်လက်မောင်းပေါ်ရှိ အမာရွတ်များကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဘာလို့ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖြစ်နေရတာလဲ ...”
သူက မသိမသာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
မဟုတ်သေးဘူး အခုဆို ယန်အန်းယုရဲ့ ခန္ဓာကိုယ်က အရင်ကနဲ့တောင် မတူတော့သလိုပဲ ...
“ဒါကမှ တော်ပါသေးတယ် အရင်ကဆို ဒီထက်ဆိုးတဲ့ ဒဏ်ရာတွေတောင် ရခဲ့ဖူးတယ်လေ ...”
အမှန်တရားကို လှစ်ခနဲ ပြောထွက်မိလုမတတ် ဖြစ်သွားသည့်အတွက် ယန်အန်းယုသည် သူ့လျှာကို ခပ်တင်းတင်း ကိုက်ထားလိုက်မိတော့သည်။
“”အကုန်လုံးက ရိုက်ကူးရေး လုပ်တုန်းက ရထားတဲ့ အသေးအဖွဲလေးတွေပါ ချီကောပြောတာတော့ သိပ်မကြာခင် သက်သာသွားမှာ အမာရွတ်လည်း မကျန်ခဲ့ဘူးတဲ့ ...”
“ဘာပဲဖြစ်ဖြစ် ဒီမျက်နှာလေးက အရေးအကြီးဆုံးပဲလေ .. အဲဒါကြောင့် ဒါကိုတော့ ကျွန်တော် အမြဲတမ်း သေချာလေး ကာကွယ်ပါတယ် ...”
ယီချန်းယန် စိတ်ပူသွားမည်ကို စိုးရိမ်စိတ်ကြောင့် ယန်အန်းယုသည် အသေးစိတ် ရှင်းမပြဘဲ ဖြစ်ခဲ့သမျှကို ခြုံငုံကာသာ အကျဉ်းချုံး ရှင်းပြလိုက်သည်။ အပြုံးမပျက် ရှင်းပြလိုက်သော်ငြား ယီချန်းယန်ကမူ မျက်ဝန်းတို့ မည်းမှောင်သွားကာ သူ့ရည်ရွယ်ချက်ကိုလည်း ချက်ခြင်း သဘောပေါက်သွားခဲ့သည်။
ထို့နောက် သူက ယန်အန်းယု၏ နဖူးထက်သို့ အနမ်းတစ်ပွင့်ကို ရုတ်တရက် ခြွေချလိုက်သည်။
YOU ARE READING
ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)
FantasyTitle ကို Description မှာထည့်ထားပါတယ် Unicode Only All credits goes to Original Author and E-Translators I hope u enjoy .