👥️Chapter 49
ယန်အန်းယု၏ လက်ဖဝါးကို ဆွဲကိုင်ကာ ယီချန်းယန်က သူ့လက်ချောင်းများဖြင့် လက်ဖဝါးထက်သို့ စုတ်ချက်တစ်ချက်ချင်းစီကို ဖြည်းဖြည်းချင်း ရေးပြလိုက်သည်။
ယန်အန်းယုကလည်း စုတ်ချက် တစ်ခုချင်းစီတိုင်းကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။
ချန့် .. ယန် .. ဝမ် ...
ထို့နောက်တွင် ယီချန်းယန်က စုတ်ချက်များကို ချက်ခြင်း ရပ်တန့်လိုက်သည်။
မျက်လွှာကို ပင့်ကာ ယန်အန်းယုနှင့် အကြည့်ချင်း ဆုံလိုက်၏။ မူလက လှိုင်းထခြင်းမရှိ၊ ရေပြင်ညီသဖွယ် ငြိမ်သက်နေသည့် သူ့မျက်ဝန်းတို့မှာ အခြားသော ခံစားချက်များဖြင့် တစ်ဖြည်းဖြည်း ပြည့်နှက်သက်ဝင်လာတော့သည်။ ထိုပုံစံမှာ ကင်မရာ၏ အရှေ့တွင် မြင်ရတတ်သည့် ပုံစံနှင့်လည်း မတူညီ။ ယခုလက်ရှိ ယီချန်းယန်သည် သရုပ်ဆောင်တစ်ဦး မဟုတ်သည့်အတွက် ထိပ်တန်းအဆင့် သရုပ်ဆောင်စွမ်းရည်များကိုလည်း ထုတ်ပြနေရန် မလိုအပ်ချေ၊ ယခုလက်ရှိ သူ့ပုံစံမှာ အလွန် နှစ်လိုဖွယ် ကောင်းနေပေသည်။
ယီချန်းယန်၏ အကြည့်တို့မှာ ချစ်စိတ်တို့ ပြည့်လျှံနေသည့် ညင်သာသိမ်မွေ့သော အကြည့်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ နက်ရှိုင်းလှသော ခံစားချက်များနှင့် စစ်မှန်သော နှစ်သက်မှုများကို ထင်ဟပ်စေလျက် ညင်သာစွာဖြင့် ပြောလိုက်သည်။
“ယု .. ချန့်ယန်ဝမ်ယု ...”
(ချန့်ယန်ဝမ်ယုမှာ ချန့်က တစ်ထောင်၊ ဝမ်က တစ်သောင်း၊ ယန်နဲ့ယုက သူတို့နှစ်ယောက်ရဲ့ နာမည်ကို ယူထားတာပါ )ယန်အန်းယု၏ နှလုံးသားတစ်ခုလုံး ရုတ်တရက် တုန်ယင်သွားရသည်။
ပြုံးပင် မပြုံးနိုင်၊ နေရာတွင် ကြောင်အလျက်သား ရပ်နေသည့် ယန်အန်းယုကို မြင်လိုက်ရသည့်အခါ ယီချန်းယန်က သူ့နှာခေါင်းထိပ်ကို လေမှုတ်ရင်း ပြောလိုက်သည်။
“ဘာလို့လဲ နာမည်က မကောင်းလို့လား ...”
“တ .. တကယ်လို့ ကျွန်တော်က ယန်အန်းယု မဟုတ်ခဲ့ရင်ရော ...”
YOU ARE READING
ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)
FantasyTitle ကို Description မှာထည့်ထားပါတယ် Unicode Only All credits goes to Original Author and E-Translators I hope u enjoy .