Part 1

10 1 0
                                    

ဟား...ဟား...
လှောင်ရယ်သံတွေ စနောက်ပြောင်သံတွေ
မကြားချင်အဆုံး

ဗွမ်း...

"ဒီကောင့်ကို ဒီလို ပညာပေးမှရမယ် ၊ အဲ့ဒါမှ မှတ်မှာ ၊ ခိုင်းတဲ့အတိုင်းကျ မလုပ်ချင်ဘူး ၊ ခံပေတော့အဲ့မှာ"

"ငါ့မှာ ဘာအပြစ်ရှိလို့ ဒီလောက်တောင်လုပ်ဖို့လိုတာလဲ"

**အသက် ၁၀ အရွယ်ကောင်လေးတစ်ယောက် သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုကိုခံရပြီး ရေထဲတွန်းချခံခဲ့ရတယ်**

စိတ်ထဲမှာရေရွတ်လိုက်ရင်း
အမေကလည်း ငါ့ကို မလိုချင်ဘူး ၊ သူငယ်ချင်း‌‌တွေကလည်း အနိုင်ကျင့်တယ်
ဒီလိုနဲ့ တစ်ခါတည်းသေသွားတာမှကောင်းဦးမယ် ၊ ဘာဝဋ်ကြွေးများရှိလို့ ဒီလောက်တောင်ကံကြမ္မာက ရက်စက်ရတာလဲ
အရွယ်နဲ့မလိုက်အောင်ပင် ခံခဲ့ရသည်လည်းများသည်မို့ ကံကြမ္မာကိုသာ အပြစ်တင်မိတော့သည် ၊ အချိန်ကြာလာသည်နှင့်အမျှ မရုန်းနိုင်တော့ဘဲ မေ့မျောသွားခဲ့ပါပြီ

တစ်နာရီကြာပြီးနောက်

ကျောင်းရေကန်သန့်ရှင်းရေးလုပ်ရန် အန်တီကြီးတစ်ယောက် ကြမ်းတိုက်ဝတ် ၊ ရေပုံးတွေကိုင်လာ ရေကန်ရှိရာသို့လာခဲ့၏။

"ဒီနေ့မှ ထူးထူးဆန်းဆန်း ဖိနပ်ရာတွေများလို့ပါလား ၊ အရင်နေ့က ထပ်တောင်များသေးတယ်"

အန်တီကြီး သန့်ရှင်းရေးလုပ်နေရင်း ရေရွတ်နေသည်။

ရေကန်ဘောင်ပေါ်သုတ်ပြီးတာနဲ့ ရေကန်ထဲမှာရှိတဲ့ အမှိုက်တွေကို သိမ်းမယ့်အချိန်မှာ

"အမယ်လေး ဘုရား ဘုရား
လာကြပါအုံး တစ်ယောက်ယောက်
အန်တီကြီး အသံကုန်အော်နေမိ၏။"

လုံခြုံရေးအကိုတစ်ယောက်ရောက်လာပြီး "အန်တီ ဘာဖြစ်လို့လဲ"

"သားရေ လုပ်ပါအုံး ၊ ရေကန်ထဲမှာ ကလေးတစ်ယောက် ရေနစ်နေတာထင်တယ် ၊ မြန်မြန်ကယ်ပေးပါအုံး"

လုံခြုံရေးအကိုလည်း မြန်မြန်ဆင်းကာ က‌လေးအား ကယ်ပေ‌တော့သည်။
ရေကန်ဘောင်ပေါ်သို့ရောက်သည့်အချိန်၌ ကလေးမှာ နှုတ်ခမ်းတွေ ဖြူဖတ်ဖြူရော်တောင် ဖြစ်နေပြီ ၊ ခန္ဓာကိုယ်လည်း ပြာနှမ်းနေလေပြီ

ချစ်ခွင့် မရှိတဲ့အချစ်Where stories live. Discover now