Part 3

12 0 0
                                    

မင်းသက်ဆက် အိမ်ပြန်ရောက်တော့ ညနေ လေးနာရီပင်ထိုးနေလေပြီ။

"အမလေး ပေါ်လာသေးတယ်နော်"

"အမေ သား အလုပ်ရခဲ့ပြီ ၊ မနက်ဖြန်စဆင်းရမှာ ၊ လစာက ဝင်ဝင်ချင်း တစ်သိန်းတစ်သောင်းတဲ့"

"တော်သေးတာပေါ့ အလုပ်တော့ရခဲ့သေးလို့"မဲ့ရွဲ့ကာပြောလိုက်သည်။

မင်းသက်ဆက်တို့မိသားစုက ချမ်းသာတဲ့ထဲပါပါတယ် ၊ သူ့အမေကတော့ သူ့ကိုမချစ်လို့သာ ဤသို့ခိုင်းချင်းလို့ဘဲသတ်မှတ်လိုက်တော့သည်။

သူ့အမေကိုပြောပြီးသည်နှင့် အပေါ်ထပ်သို့ သူ့အခန်းရှိရာလာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ မနက်ဖြန်ဝတ်ရန်အဝတ်များထုတ်ကာ သေချာမီးပူတိုက်တော့သည်။

မင်းသက်ဆက် သူ့မှာအမတစ်ယောက်ရှိတယ် ၊ သူ့အမကိုတော့ အမေကဖူးဖူးမှုတ်ထားပါတယ် ၊ သူကသားအရင်းမဟုတ်ဘူးလို့တောင်မေးလိုက်ကြည့်ချင်မိသည် ၊ သူ့အပေါ်ဘာလို့ များ ဒီလောက်လုပ်ဖို့လိုတာလဲပေါ့ ၊ သူတွေးရင်နဲ့ပင် မျက်ရည်ပူများ ပါးထက်စီးကျလာတော့သည်။

အဟွတ်...အဟွတ်
"အဲ့ကတည်းက တစ်ခါတည်းမသေသွားရတာလဲကွာ ၊ ရှင်ပြန်တော့လည်း ရောဂါကပါလာ ၊ စိတ်ညစ်လိုက်တာ"

သူ့ရောဂါအဟောင်းလို့ဘဲပြောရမလိုပင် ငယ်ငယ်ကရေနစ်ထားတဲ့အရှိန်နဲ့ ချောင်းဆိုးကမပျောက်ဘဲကျန်‌ခဲ့သည် ၊ ဒီတစ်ခုဘဲလားဆိုတော့ ဘယ်ဟုတ်မလဲ ခဏခဏနေမကောင်းဖြစ်တာတို့ ၊ ရေကြောက်တာတို့ ၊ ကိုယ့်ကိုသတ်သေချင်တာတို့ စတဲ့ စိတ်ရောဂါတွေပါသူ့ထဲရောက်လာခဲ့တာပါ။

မင်းသက်ဆက် သူ့ကုတင်ဘေးမှာရှိတဲ့ အံဆွဲတစ်ခုထဲကို နှိုက်လိုက်ရင်း သူသောက်ရမယ့်ဆေးကိုယူလိုက်၏။

နောက်တစ်နေ့နံနက်၌.....

မင်းသက်ဆက် MU Market ကို ရှစ်နာရီခွဲမတိုင်မှီ အစောလာခဲ့လိုက်သည်

ဆိုင်တော့မဖွင့်သေး၍ အပြင်မှာသာခဏရပ်စောင့်နေလိုက်သည်

တခြားဝန်ထမ်းလေးတွေက လည်းသူ့နည်းတူ ဆိုင်အပြင်မှာရပ်စောင့်နေကြသည်

ချစ်ခွင့် မရှိတဲ့အချစ်Where stories live. Discover now