မခိုင်မာလာဆိုင်ရောက်သည်နှင့် SK Company ရဲ့ PA ဆီဖုန်းဆက်လိုက်သည် ၊ ရှိုင်းခေတ်မဟာ Oversea သွားတယ်ဆိုတာ သူ့ကိုပြောထားလို့ပင်
"ဟုတ်ကဲ့ SK Company ကပါ"
"....."
"ဟုတ်ကဲ့ ၊ ကျွန်တော်အခုချက်ချင်းလာခဲ့ပါ့မယ်ဗျ"
********
"အမ ၊ လုံးဝ ခွင့်မလွှတ်နိုင်ဘူး ၊ ဆိုင်ပေါ်ထိလာပြီး လူကိုစော်ကားနေတာ ၊ မင်းတို့ Products တွေအကုန်လုံးကို ဖြုတ်ပစ်မယ်"
"အဲ့လိုတော့ မလုပ်ပါနဲ့ အမ၊ ကျွန်တော်ဖြေရှင်းပေးပါ့မယ် ၊ ဒီက ညီလေးစိတ်ကျေနပ်တဲ့အထိ ကျွန်တော်လုပ်ပေးပါ့မယ်" ဟု ပိုင်မှူးပြောလိုက်သည်။
"အမက မင်းတို့သူဌေးနဲ့ သူငယ်ချင်းဆိုပြီးလည်း လျှော့ပေးမယ်မထင်နဲ့ ၊ တရားမျှတအောင်မလုပ်လို့ကတော့ အမအကြောင်းသိစေရမယ် ၊ ဒီကလေးကို မင်းတို့လူတွေက ထိကပါးရိကပါးလုပ်ရမယ့် လူလို့ထင်နေတာလားမသိဘူး" ဟု မခိုင်မာလာက ရွှဲ့ပြောလိုက်သည်။
ပိုင်မှူး မင်းသက်ကိုကြည့်လိုက်တော့ လန့်နေသည်မှာ ပြေးမေးစရာမလိုအောင် မျက်နှာနုနုထက်မှာပေါ်လွင်နေသည် ၊ ငိုထားမှန်းသိသာလွန်းလို့ မျက်လုံးနဲ့ နှာခေါင်းလေးမှာ ရဲလို့
"ညီလေး ၊ အကို အကုန်ဖြေရှင်းပေးမယ် ၊ ညီလေးစိတ်ကျေနပ်တဲ့အထိ ဖြေရှင်းပေးမယ်နော်" ဟု ပိုင်မှူးက မင်းသက်ကို ကြည့်ကာပြောလိုက်သည်
မင်းသက်ကတော့ ပိုင်မှူးကိုကြည့်ပြီး ဘာမှပြောမလာ
"မင်းသူဌေးကိုပြောလိုက် ၊ ဒီကိစ္စကို အမြန်ရှင်းရင်ရှင်းပေး မဟုတ်ရင် မင်းတို့လူ ထောင်ထဲက မထွက်ရအောင်လုပ်ပစ်မယ်"
"ဟုတ်ကဲ့ပါအမ ၊ ကျွန်တော် ပြန်အကြောင်းကြားပေးပါ့မယ်ဗျ ၊ ခွင့်ပြုပါအုံးခင်ဗျ"
********
"ခိုင် ၊ ဆိုင်မှာရှိလား ၊ ငါလာခဲ့မလို့"
"မရှိဘူး ၊ ခဏမှရောက်မှာ" ဟု ခိုင်မာလာ ခပ်မာမာပြောလိုက်သည် ၊ ဟိုတစ်နေ့ကိစ္စကို မကျေသေးလို့ပင်
"အင်း ၊ အဲ့ဆို ငါလာခဲ့လိုက်မယ်" ဟုဖုန်းချပြီး မဟာ MU Market သို့ထွက်ခဲ့လိုက်သည်
YOU ARE READING
ချစ်ခွင့် မရှိတဲ့အချစ်
Romanceမင်းသက်ဆက် အသက်လေ ဘယ်သူ့ကိုမှ မယုံရဲသလို ဘယ်သူ့ကိုမှလည်း မချစ်ရဲဘူး ရှိုင်းခေတ်မဟာ ကိုယ့်ကို နည်းနည်းလေးမှတောင် အခွင့်အရေးမပေးတော့ဘူးလား အသက်ရယ် ကိုယ်လေ ချစ်ခွင့် မရှိတဲ့ အချစ်ကိုမှ ချစ်မိနေတလား