Part 4

15 0 0
                                    

မိရွှေမှ
"မောင်လေးရေ မန်နေဂျာခေါ်နေတယ်"

မင်းသက်ဆက် ပန်းချီပစ္စည်းများကိုအာရုံစိုက်နေရင်း အသံကြားတော့လှည့်ကြည့်မိလိုက်တော့ သူ့ကိုခဏကရှင်းပြပေးတဲ့အမ

"ဟုတ်ကဲ့ဗျအမ"

"လာ အမခေါ်သွားပေးမယ်"

မင်းသက်ဆက် သူ့ကိုလာခေါ်သောအမနောက်မှ လိုက်သွားတော့သည်

ရုံးခန်းထဲရောက်တော့
မန်နေဂျာအမ မမြတ်က
"မောင်လေးက အလှကုန်အတန်းမှာနေရမှာ ၊ အလှကုန်အတန်းမှာနေရမှာဆိုပြီး မလန့်သွားနဲ့နော် အမ အကုန်ရှင်းပြပေးမယ်"

မင်းသက်ဆက်က အလှကုန်အတန်းမှာနေမယ်ဆိုပြီးကြားတော့ မျက်လုံးလေးပြူးသွားကာ အနည်းငယ်လန့်တဲ့ပုံစံလေးဖြစ်သွား‌သည်

အဲ့တာကြောင့်လည်း သေချာရှင်းပြမယ်ဆိုပြီးပြောလိုက်ရသေးသည်

နေ့လည်ထမင်းစားချိန်၌...

အကိုတစ်ယောက် က ထမင်းစားဖို့ဆိုပြီးလာခေါ်သည်

"လာ၊ညီ"

"ဟုတ်ကဲ့ဗျ"

ထမင်းစားခန်းရောက်တော့

"ညီ့နာမည်က"

"ကျွန်တော့နာမည်က မင်းသက်ဆက်ပါဗျ"

"အကိုနာမည်က စိုင်းခမ်း ၊ အကိုခမ်းလို့ခေါ်လို့ရတယ်"

"ဟုတ် အကိုခမ်းလို့ဘဲ ခေါ်မယ်ဗျ"

ဒီလိုနဲ့ဘဲ

နှစ်ယောက်သား ထမင်းစားရင်း ရင်းရင်းနှီးနှီး ဖြစ်လာကြတော့သည်

ည‌နေ ငါးနာရီခွဲတော့ ပြန်ကြသူတစ်ချို့လည်းရှိကြသည်

"ညီလေးပြန်တော့မယ်ပေါ့ " ဟု စိုင်းခမ်းကလှမ်းမေးလိုက်သည်

"ဟုတ်ကဲ့အကိုခမ်း ပြန်တော့မယ်ဗျ" ဟု လက်ပြနှုတ်ဆက်ခဲ့သည်

အိမ်ပြန်ရောက်တော့

ပထမဆုံးအလုပ်စဆင်းရက်ဖြစ်သည်မို့ ခန္ဓာကိုယ်ကနူန်းချီနေပြီဖြစ်သည် ၊ ခဏနားပြီးတော့ ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်တော့သည်

ချစ်ခွင့် မရှိတဲ့အချစ်Where stories live. Discover now