သင်္ကြန်ရက်တွေကုန်လွန်ပြီး နှစ်ဆန်းတစ်ရက်နေ့တောင်ရောက်ခဲ့လေပြီဖြစ်သည် ၊ မင်းသက်တို့အဖွဲ့က ဒီနေ့ မန်းလေးရောက်အောင်ပြန်ရမည် ၊ ကိုမဟာက မင်းသက်ကို သူ့ကားနဲ့ဘဲလိုက်ပြန်ရမယ်ဆိုလို့ မလိုက်ချင်လိုက်ချင်နဲ့ပါသွားရသည် ၊
မဟာနဲ့ မင်းသက်က ကားနောက်ခန်းမှာထိုင်ပြီး ပိုင်မှုးကတော့ ကားမောင်းနေသည်။"ကလေးလေး"
"ဘာတုန်း!"
ဘုလလန့်လေးပြန်ပြောနေတဲ့ကလေးလေးက ချစ်စရာအတိ
"အဟက်...ဘယ်လိုလေးတုန်း"
"လူကို အတင်းခေါ်လာပြီးတော့ ၊ မလိုက်ချင်ဘူးပြောတာတောင်အတင်းခေါ်လာတာ ၊ မမြတ်ကလည်း စိတ်ချပြီးတော့လည်း ထည့်ပေးလိုက်တယ် ၊ ဒီလူကြီးက စိတ်ချရလို့လားမသိဘဲနဲ့.."
"ကလေးလေးက ကိုယ့်ကိုစိတ်မချဘူးလား"
"အင်း...."
"အဲ့ဆိုအရင်နေ့တွေ သွားလည်တုန်းကတောင် စ်ိတ်ချပြီးလိုက်တာမဟုတ်ဘူးလား"
"အဲ့တုန်းကလည်ချင်လို့လေ ၊ အခုကမတူဘူးလေ"
"အင်း ၊ ကလေးလေးက စိတ်မချမှတော့ ကိုယ်ကပိုပြီးစိတ်မချအောင်လုပ်ပေးမယ်"
ဆိုပြီး ရယ်သံလေးနဲ့ ပြောလိုက်သည် ၊ ပြောပြီးတာနဲ့ မင်းသက်နားတိုးလာပြီး"ခင်ဗျားကြီး ဘာလုပ်မလို့လဲ ၊ ဖယ် ဖယ်"
"မဖယ်ပါဘူး ကလေးလေးက ကိုယ့်ကိုစိတ်မချဘူးဆိုတော့ စိတ်ချရအောင်လုပ်ပေးမလို့ "
ပြောပြီး မင်းသက်ကိုယ်လေးကို သူ့ပေါ်စွေ့ကနဲပါအောင်တင်လိုက်သည် ၊ ခါးလေးကိုလည်း တင်းနေအောင်ဖက်ထားလိုက်သည်။"ခင်ဗျားကြီး ၊ အခုကျွန်တော်ကို အောက်ချပေး ၊ ခါးဖက်ထားတာလည်းလွှတ်ပေး"
မင်းသက် မဟာကိုယ့်ပေါ်ကနေ အတင်းရုန်းပြီး ပြောနေသည် ၊ မင်းသက်ရုန်းနေရင်း မင်းသက်မျက်နှာနဲ့ မဟာနှုတ်ခမ်းထိမိတော့ နမ်းမိသလိုဖြစ်သွားသည်။"ခင်ဗျားကြီး ကျွန်တော်ကိုနမ်းတယ် အီး....ဟီး ၊ လူယုတ်မာကြီး ၊ မမြတ်ကိုလည်းစိတ်ဆိုးတယ် မလိုက်ချင်တာကိုအတင်းထည့်ပေးလိုက်တယ်"
YOU ARE READING
ချစ်ခွင့် မရှိတဲ့အချစ်
Romanceမင်းသက်ဆက် အသက်လေ ဘယ်သူ့ကိုမှ မယုံရဲသလို ဘယ်သူ့ကိုမှလည်း မချစ်ရဲဘူး ရှိုင်းခေတ်မဟာ ကိုယ့်ကို နည်းနည်းလေးမှတောင် အခွင့်အရေးမပေးတော့ဘူးလား အသက်ရယ် ကိုယ်လေ ချစ်ခွင့် မရှိတဲ့ အချစ်ကိုမှ ချစ်မိနေတလား