မင်းသက်သတိရလာတော့ မနက် ၆ နာရီရှိနေပြီ
"အဟွတ်...အဟွတ်"
"ကလေးလေး သတိရလာပြီလား ၊ နေလို့မကောင်းတဲ့နေရာရှိလား ၊ ချမ်းသေးလား" ဆိုပြီး မင်းသက်အိပ်နေတဲ့ကုတင်ပေါ်မှာ ထိုင်လိုက်ပြီးမေးလိုက်သည်။
"ကျွန်တော် သက်သာပါတယ် ၊ အခု ကျွန်တော်ဘယ်ရောက်နေတာလဲ"
"ကိုယ့်အခန်းလေ ကလေးလေး ၊ ကိုယ် မြတ်ကိုပြောပေးထားတယ် ၊ ဒီနေ့တော့ ဘယ်မှမလည်ရဘူး ၊ ရေကြောက်တာကိုတောင် အင်းလေးသွားနိုင်တဲ့ သတ္တိ ကတော့မသေးဘူးနော် ၊ ကလေးလေး မျက်နှာသစ်ပြီးရင် နို့ဆန်ပြုတ်ပူပူလေးသောက်လိုက် ၊ ဆေးလည်းသောက်ရဦးမယ်"
"ဟို...တစ်ညလုံး ကျွန်တော့်ကို စောင့်ပေးနေတာလား"
"အင်း ၊ ကိုယ် ကလေးလေးကို အရမ်းစိတ်ပူသွားတာ”
မင်းသက်ရင်ထဲလှိုက်ကနဲဖြစ်သွားသည်။
"ကိုယ် ကလေးလေးရဲ့ ပစ္စည်းလေးတွေအကုန်လုံးက ကိုယ့်အခန်းထဲမှာရွှေ့ထားလိုက်တယ် ၊ကလေးလေးရယ့် သွားတိုက်တံ နဲ့ သွားတိုက်ဆေး ၊ မျက်နှာသစ်ဆေး အကုန်ရေချိုးခန်းမှာနော်"
မင်းသက် မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်မော့ကြည့်လိုက်ပြီး ခေါင်းလေးငြိမ့်ကာ ကုတင်ပေါ်ကဆင်းပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည် ၊ မဟာက သူ့ရှေ့က ကောင်လေးကိုအသည်းတယားယားဖြင့် ကြည့်နေမိလိုက်သည်။
မင်းသက် ဆန်ပြုတ်သောက်ပြီးသည်အထိ မဟာက လိုက်ကြည့်နေတော့ မင်းသက်တစ်ယောက်နေရခက်လာသည်။
"အကို ၊ ဘာလို့လိုက်ကြည့်နေတာလဲ ၊ ကျွန်တော်မနေတတ်တော့ဘူး" ဟု ခေါင်းလေးငုံကာပြောလိုက်သည် ၊ ပါးနဲ့နားရွက်ဆို နီတာရဲလေး ဖြစ်နေပြီ။
"ကလေးလေးကိုစိတ်မချလို့လေ ၊ စားပြီးရင် ဒါလေးသောက်လိုက် ၊ အခန်းထဲမနေချင်ရင် ကိုယ်အပြင်လိုက်ပို့ပေးမယ် ၊ အနွေးထည်တော့ဝတ်ရမယ်"
"အကိုပြောတော့ ဒီနေ့မလည်ရဘူးဆို"
"ကိုယ်နဲ့လို့မှမပြောတာ ၊ တခြားသူတွေနဲ့ဘဲမလည်ခိုင်းတာ ၊ ကိုယ်မဟုတ်ရင် ဘယ်သူ့ကိုမှစိတ်မချလို့ ၊ အခန်းအောင်းမလား အပြင်သွားမလား"
YOU ARE READING
ချစ်ခွင့် မရှိတဲ့အချစ်
Romanceမင်းသက်ဆက် အသက်လေ ဘယ်သူ့ကိုမှ မယုံရဲသလို ဘယ်သူ့ကိုမှလည်း မချစ်ရဲဘူး ရှိုင်းခေတ်မဟာ ကိုယ့်ကို နည်းနည်းလေးမှတောင် အခွင့်အရေးမပေးတော့ဘူးလား အသက်ရယ် ကိုယ်လေ ချစ်ခွင့် မရှိတဲ့ အချစ်ကိုမှ ချစ်မိနေတလား