Part 7

10 0 0
                                    

မဟာ က ခိုင်မာလာစီမှ CCTV Record ကိုကူးခဲ့လိုက်ပြီး ထပ်ကြည့်နေမိသည်။သူကြည့်နေရင်း အလိုမကျကာ မျက်ခုံးနှစ်ခုတွန့်ချိုးသွားပြန်သည်။

"ဒီကောင်က ဘာကောင်မို့ ထိကပါးရိကပါးလုပ်ရဲတာလဲ ၊ ပိုင်မှူးကို စုံစမ်းခိုင်းမှရတော့မယ် ၊ လူတိုင်းကို ဒီလိုလိုက်လုပ်နေရင် မြေကြီးလေးတာဘဲ အဖတ်တင်မယ် ၊ အသိတရားရမှာမဟုတ်ဘူး"

Video ထဲက ကောင်လေး မျက်ရည်ကျနေသည်ကို မကြည့်ရက်တော့တာမို့ Laptop ကိုပိတ်ချလိုက်သည်။

"ပိုင်မှူး ၊ MU Market မှာ ပြသာနာဖြစ်တဲ့တစ်ယောက်ရဲ့အကြောင်းစုံးစမ်းပေးဦး"

"....."

"ဟုတ်ပြီ"

*******

"မကေသီ ၊ ချိန်းထားတဲ့အချိန်သုံးရက်ပြည့်ပြီ ၊ ဘယ်လိုဖြေရှင်းပေးမှာလဲ"

"CEO.....မိုးစက် က သူကိုယ်တိုင်ဒူးထောက်တောင်းပန်ပါ့မယ်တဲ့ ၊ တစ်ဘက်ကကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်တဲ့"

"ဟက်..အဲ့လို လွယ်လွယ်နဲ့တောင်းပန်ရကြေးဆို လူတိုင်းပါးစပ်ပါတာဘဲ တောင်းပန်ပါတယ်ကို ကရားရေလွှတ်သလိုပြောနေမှာပေါ့ မကေသီ"

"တစ်ဖက်သားကို မစာမနာ ကိုယ်ထိလက်ရောက်လုပ်ထားတဲ့သူက တောင်းပန်ရုံနဲ့ပြီးမလား!!!!!"
မဟာစိတ်တိုလွန်း၍ မကေသီကို မာန်ပါပါအော်လိုက်သည်

"တစ်ဖက်က ကလေးက အသက်ပြည့်သေးတာမဟုတ်ဘူး ၊ ဒီထပ်ပိုဆိုးတာမဖြစ်သွားတာဘဲ တော်သေးတယ်ပြောရမယ်"
မဟာ လက်တစ်ဖက်ကိုစားပွဲပေါ်ထောက်ရင်း နားထင်ကို အသာဖိနေမိသည်။

"SK Company ကတင်သွင်းတဲ့ Products အကုန်ဖြုတ်ပစ်မယ်လို့‌  MU Market ကပြောတာကြားထားမှာပါနော် ၊ သူတို့ကျေနပ်တဲ့အထိမလုပ်ပေးနိုင်ရင် ထောင်ထဲရောက်မယ်ဆိုတာလည်းသိတယ်မလား ၊ ကိုယ်ကတော့ ဝန်ထမ်းတစ်ယောက်ကြောင့် MU Market နဲ့မိတ်မပျက်ချင်ဘူး"

"ဟုတ်ကဲ့ပါ CEO"

မကေသီတစ်ယောက် မဟာခေါ်ကတည်းက တုန်လှုပ်နေပြီဖြစ်ပြီး ထောင်ထဲပါရောက်တော့မည်ဆိုတာပါကြားလိုက်ရတော့ ရပ်နေသည့်ခြေထောက်တွေပင် ယိုင်ချင်နေပြီဖြစ်သည် ၊ CEO ကို ဟုတ်ကဲ့ပါ ပြောပြီးသည်နှင့် CEO အခန်းထဲမှ အမြန်ထွက်ခဲ့တော့သည်

ချစ်ခွင့် မရှိတဲ့အချစ်Where stories live. Discover now