Part 5

10 1 0
                                    

喂...
(Hello)
...........
..........
..........

我马上回来啦!
(I'll be right back!)

ဟု ရှိုင်းခေတ်မဟာပြောလိုက်သည်။သူက တရုတ်ဗမာကပြား ၊ အခုတရုတ်ပြည်ရောက်နေတုန်း မြန်မာနိုင်ငံမှ အရေးပေါ်ကိစ္စတစ်ခုကြောင့်ပြန်ရဦးမည်

Mandalay International Airport Tada-U

လေဆိပ်အတွင်းခရီးသွားဧည့်သည်များပြားလှသည် ၊ ထိုအထဲမှာမှ ရှိုင်းခေတ်မဟာက ထင်းထွက်နေသကဲ့သို့ပင် ၊ အသားဖြူဖြူ အရပ်ရှည်ရှည် ကိုယ်ခန္ဓာတောင့်တောင့်ဖြောင့်ဖြောင့် ၊ မျက်နှာက လေးထောင့်ဆန်ဆန် မေးရိုးများထင်းနေသည် ၊ တရုတ်ဗမာကပြားဆိုပင်မယ့်လည်း တရုတ်ပြည်ပက ရှောင်ကောကောများ ချောသလို ချောသည် ၊ လက်ဖမိုးရှိ အကြောစိမ်းများကလည်း ထင်းရင်းနေသည် ၊ အားကစားလုပ်သူမှန်းသိသာလွန်းသည် ၊
Suit က အနက်‌ရောင် ဝတ်ထားတော့ အသားဖြူမှန်းလည်းသိသာနေပြန်သည်

"အကိုမဟာ"ဟုလှမ်းခေါ်လိုက်ပြီး သူ့အနီးသွားလိုက်သည်

"ပိုင်မှူး"

"အကိုမဟာ Company အရင်သွားမလာ ဒါမှမဟုတ် အိမ်အရင်သွားမလားဗျ"

"Company ဘဲ အရင်သွားလိုက်မယ် ပိုင်မှူး" 

လေသံအေးအေးဖြင့်ပြောနေပင်မယ့် မျက်ဝန်းတွေက အလိုမကျမှုတွေလည်းပါနေပြန်သည်

"ဟုတ်ကဲ့ဗျ"ဟုပြောပြီးသည်နှင့် မဟာအထုပ်တွေကိုဆွဲကာ လေဆိပ်မှထွက်ခဲ့လိုက်သည်
ပိုင်မှူးက ရှိုင်းခေတ်မဟာရဲ့ PA  ၊ အလုပ်လုပ်လျှင်လည်း လျင်မြန်တိကျပြတ်သားသူ တစ်ယောက်လည်းဖြစ်သည် ၊ ရှိုင်းခေတ်မဟာရဲ့ လူယုံတစ်ယောက်ဖြစ်ရုံသာမက ညီလေးတစ်ယောက်လိုမျိုးလည်းဖြစ်သည်

********
ဘုန်း!!!!

စားပွဲခုံကိုထုရိုက်လိုက်သည့်အသံကြောင့် Meeting Room ထဲရှိ လူများအားလုံးတုန်လှုပ်နေရသည်

"ဒီအပိုင်းကို ဘယ်သူကိုင်တာလဲ"‌
ဒေါသသံဖြင့်ပြောလိုက်သောကြောင့် တစ်ခန်းလုံး ဟိန်းသွားသည်။

"ကျွန်မပါ CEO"

"ဟုတ်ပြီ ၊ သုံးရက်အတွင်း မပြေလည်ဘူးဆိုရင် အလုပ်ထွက်စာတင်ထားခဲ့တော့" ဟု ပြတ်ပြတ်သားသားပြောလိုက်သည်

ချစ်ခွင့် မရှိတဲ့အချစ်Where stories live. Discover now