Part 2

9 0 0
                                    

"မလုပ်ပါနဲ့ ၊ အား!!!"

မင်းသက်ဆက် အိပ်နေရင်း လန့်နိုးလာခဲ့၏။

"ငါအတိတ်က အိမ်မက်‌တွေပြန်မက်နေတာဘဲ ၊ ငါ့ကြောက်စိတ်တွေက ပိုဆိုးလာပြီ ၊ ‌မနက်ဖြန် ဆေးရုံ ထပ်သွားရမယ်" ပြောရင်း ကျနေတဲ့မျက်ရည်ကိုသုတ်လိုက်၏။

ဒီနေ့အဖို့တော့ သူထပ်အိပ်လို့ရမှာမဟုတ်တော့ပါ။

နောက်တစ်နေ့နံနက်၌....

"အမေ သား အလုပ်သွားတော့မယ်နော်"ဆိုပြီး ပြောကာထွက်ခဲ့တော့သည်။

ဒေါ်ခင်ဝင်းသက်ကတော့ မင်းသက်ဆက် ကို ရှိတယ်လို့ပင်ဂရုမစိုက်ပါ ၊ သူ့ကို လှမ်းပြောတော့ ခဏစောင်းကြည့်လိုက်ပြီး
"အေး ကြွမယ်ဆိုလည်း မြန်မြန်ကြွ ၊ မနက်စောစောစီးစီး ကျက်သရေကိုမရှိဘူး"

မင်းသက်ဆက်
အသက် ၂၁ နှစ် ၊ Market မှာ Office Staff
သူ ဝါသနာပါတဲ့အလုပ်လားဆိုရင်တော့ ဘယ်ဟုတ်မလဲ ၊ သူ့အမေ ဒေါ်ခင်ဝင်းသက်က သူဆယ်တန်းအောင်ပြီးပြီးချင်း အလုပ်တန်းလုပ်ခိုင်းတော့တာဘဲ

"အလကား ဆန်ကုန်မြေလေး ၊ နင်ငါကျွေး တာဘဲစားမနေနဲ့ အခုဆို နင် ဆယ်တန်းအောင်ပြီးပြီး အလုပ်တစ်ခုခုရှာပြီး ငါ့ကို ပြန်လုပ်ကျွေးတော့ ၊ ငါက နင့်ကို သူများတွေလိုမျိုးတော့ ဟိုသင်တန်း ဒီသင်တန်းတွေတော့ လိုက်တက်ခိုင်းမနေဘူး ၊ နင်မလုပ်ချင်ရင် တက္ကသိုလ်ဆက်မတက်နဲ့ တက်ချင်ရင်တော့ အလုပ်လုပ် ၊ နင်ရှာတာနဲ့လောက်အောင်တက် ပိုတာငါ့ကိုပေး ၊ ကြားလား!!!'

"ဟုတ် ၊ ကြားပါတယ်အမေ ၊ သားအလုပ်ထွက်ပါ့မယ် ၊ ကျောင်းတော့ဆက်တက်ပါရစေနော်အမေ"

မင်းသက်ဆက် ဆယ်တန်းအောင်တဲ့နေမှာဘဲ အလုပ်ထွက်ရှာတော့သည်။
"ညီလေးရေ အကိုအားတော့နာတယ် ၊ ညီလေးက အသက်မပြည့်သေးတော့ အကိုတို့ အလုပ်ခန့်လို့မရဘူး"

"ကိုကြီးရယ် ကျွန်တော်ကြမ်းတိုက်တိုက် ၊ ပန်းကန်ဆေးဆေး အကုန်လုပ်ပါ့မယ် ၊ တခြားဟာတွေခိုင်းလဲရပါတယ် ၊ ကျေးဇူးပြုပြီးတော့ အလုပ်တော့ခန့်ပေးပါနော်"

"မရဘူးညီလေး ၊ ညီလေးက အခုမှ အသက်က ၁၆ နှစ်လေ ၊ တရားဥပဒေအရ ခန့်လို့မရဘူး ၊ အကယ်၍ အစိုးရကသိခဲ့ရင် အကိုတို့ဘဲ တရားစွဲခံရမှာ ၊ အသက်မပြည့်သေးတာကို အလုပ်ခန့်လိုဆိုပြီး ၊ အားနာပါတယ်ကွာ ၊ တခြားမှာဘဲ ရှာလိုက်နော် ညီလေး"

ချစ်ခွင့် မရှိတဲ့အချစ်Where stories live. Discover now