"ဟာအို.. ရာထူးတိုးသွားတာ ချူခါဟယ်၊ တရုတ်ရုံးခွဲမှာ ရောက်နေတာဆိုတော့ မသိလိုက်ဘူး၊ ငါတို့ မင်းသားလေးက တစ်ဝိုင်းလိုက်တိုက်ဖို့ မေ့နေတာတော့ မဟုတ်ပါဘူးနော်"
"အဖွဲ့မှူး ကင်မ်ကို မေ့စရာလားဗျာ"
ပန်းဆီရောင် နှုတ်ခမ်းလေးက ချိုသာတဲ့ အပြုံးလေးနဲ့တစ်ဖက်ကို အသာအယာ တုန့်ပြန်လိုက်ပြီး အဖွဲ့မှူး ကင်မ် သုံးနှုန်းလိုက်သည့် နာမ်စားကို စိတ်ကျေနပ်သွားရကာ ဟန်မဆောင်တတ်ခဲ့ပါသည့် ရိုးစင်းသော ပါးလေးနှစ်ဖက်က အပေါ်ကို ခပ်မို့မို့လေး လုံးတတ်သွားချေ၏ ။
မြင်သူတိုင်းက ချစ်စရာကောင်းတဲ့ အပြုံးလေးလို့ သတ်မှတ်ထားကြပြီး ဟာအိုကတော့ ဒါက သူ့ရဲ့ မူပိုင်ဆွဲဆောင်မှုပင်။
ချစ်စရာကောင်းသည်ထက်ကျော်လွန်၍ ကြည်လင်နှစ်သက်ဖွယ် အပြုံးကို ပိုင်ဆိုင်ထားသည်ဟုပင် ခံယူထားပါ၏ ။သူက နို့နှစ်ရောင် ဖြူဖွေးနေတဲ့ အသားအရည်၊ မြင့်မားတဲ့ ကိုယ်ဟန် ၊ ရှည်လျားတဲ့ ခြေတံရှည်ရှည်တွေနဲ့ နှစ်ခါပြန်လှည့်ကြည့်စရာ ချောမောတဲ့ မျက်နှာအသွင်အပြင်ကိုလည်း ပိုင်ဆိုင်ထားသေးသည်လေ။
အသက်ကတော့ နည်းနည်း အရွယ်လွန်ပြီဆိုပေမယ့်ပေါ့။အာားးးး!!!
အဲလိုတွေးမှ မကြာခင် နှစ်နှစ်လောက် နေရင် သူ အသက်သုံးဆယ်ပြည့်တော့မှာ။
သူ့လို ရုပ်ရည်လေးနဲ့ အသက်နှစ်ဆယ့်ရှစ်နှစ်ဆိုတာကြီးက ဆယ့်ခြောက်နှစ်နဲ့ အိမ်ထောင်ပြုနေကျတဲ့ ခေတ်ကြီးမှာ နည်းနည်းခါးသက်သက်နိုင်ပြီး အရာရာပြီးပြည့်စုံနေပါရဲ့နဲ့..
အွန်း..အသက်အကြောင်းပြောရရင် နည်းနည်း အောင့်သက်သက်ပေါ့။ဒါပေမယ့် ဘဝမှာ ယုံကြည်ချက်က က မိုးထိုးနေတာမို့ အသက်ကို ချောမောမှုလေးက အမြဲ အလဲထိုးပစ်တယ်လေ။
သူ့အလုပ်က ကုမ္ပဏီ တစ်ခုရဲ့ အထွေထွေအတွင်းရေးမှူး။
အမြဲတမ်း ကိုယ်ပိုင်ကားလေးစီး စတိုင်လ်ကျကျ ဝတ်ပြီး ရုံးတတ်ရုံပဲ။
အရင်ကတော့ အလုပ်ကို အသေအကြေကုန်းရုံးလုပ်ခဲ့ရတာပေါ့။
သာမန်ရာထူးကနေ တစ်ဆင့်ချင်း တတ်လာရတာမို့လို့ ကျောင်းပြီးကတည်းက သူ့ဘဝတစ်လျှောက်လုံး သည်ကုမ္ပဏီမှာပဲ အချိန်ကုန်ဆုံးခဲ့ရတာဖြစ်ပြီး အချိန်ကြာလာတော့ ဆိုးလ်မြို့အစွန်က မိဘတွေကိုလည်း အတော်အသင့် ထောက်ပံ့နိုင် ၊ သူလည်း ကွန်ဒိုတစ်ခန်း ကားလေးတစ်စီး ပိုင်ဆိုင်နိုင်ပြီလေ။