4

563 66 6
                                    

တစ်ခါတစ်လေကျတော့လည်း စိတ်က ရိုလာကိုစတာ စီးရသလိုပင်။
ခုပဲ အလုပ်ဖြုတ်ခံရမှာစိုးလို့ ငြိမ်နေလိုက် ခုပဲ တော်လှန်ချင်လိုက်နဲ့ ဘာမှန်းမသိစွာပင် တစ်ပတ်ဆိုတဲ့ အချိန်က ကုန်သွားပေမယ့် ဆောင်းဟန်ဘင်းကတော့ ဟာအို့အိမ်မှာ အခန့်သား။

တစ်ချက် တစ်ချက် ထ,ထဖောက်သည့် ရင်တုန်ပန်းတုန်ရောဂါအတွက်လည်း အားမှ သေချာလေး ဆရာဝန်နှင့်ပြကြည့်ရမည်။
ခုတလော ပိုဆိုးလာသလိုပင်။
ယုတ်ဆွအဆုံး ဆောင်းဟန်ဘင်း ဘေးနားက ဖြတ်လျှောက်သွားရင်ကို ခြေသံလေးကြားရင်ပင် ဘယ်တုန်းကမှ မရှိခဲ့သည့် နှလုံးရောဂါက ထဖောက်နေပြီ။
ဆိုးလေစွ။

ဒီတစ်ပတ် ပိတ်ရက်တော့ မားက မအား၍ လာမည်မဟုတ်ကြောင်း ဖုန်းဆက်ထားပြီး နေမြင့်တဲ့ထိ အိပ်ပစ်မည်ဟု ဟာအို အားခဲထားလိုက်သည်။
ပိုပြီး သူ့နှလုံးကျန်းမာရေးအတွက် ကံကောင်းတာက မနက်ခင်း အစောပိုင်းကတည်းကပင် ဆောင်းဟန်ဘင်းက သွားစရာရှိ၍ သွားမည်ဖြစ်ပြီး ည ပြန်မအိပ်တော့မည့်အပြင် မနက်ဖြန် ကုမ္ပဏီ မှပဲ တွေ့ကြမည်ဟု မက်ဆေ့ချ် ပို့ထားသောအခါ ဟာအို့အတွက် ဒီနေ့က ဟတ်ပီး ဟတ်ပီးပင်။

တွေးထားသည့်အတိုင်း ကျောပူနေအောင်ထိ အိပ်ပစ်လိုက်ပြီး ခါးလေးကို တွန့်လိမ်ကာ ဆန့်ပြီး ပျင်းကြောဆွဲလိုက်သည်။
ဘယ်လောက်အိပ်အိပ် အိပ်ရေးကို မဝဘူး ။
အိပ်နေတဲ့ အချိန်ပဲ မအိပ်ချင်တာ။

ရေချိုး ကိုယ်လက်သန့်စင်ပြီး မနက်စာ စားဖို့တွေးလိုက်တော့ ဆောင်းဟန်ဘင်း မရှိတော့ သည်နေ့ ဟာအို ပေါင်မုန့်နဲ့ နွားနို့နဲ့ပဲ ညားတော့မှာ။
တစ်ရက်တလေလေး မနက်စာ ထမင်း မစားရတော့ ပါးစပ်က အကျင့်ပျက်ချင်လာရသည်။
ကိုယ်တိုင်ပင် သတိမထားမိဘဲ နှုတ်ခမ်းလေး ဆူကာ နှာခေါင်းလေး ရှူံ့ပြီး ထမင်းစားပွဲဝိုင်းလေးနားသွားပြီး ဘာရယ်မဟုတ် အုပ်ထားတဲ့ အုပ်ဆောင်းလေး လှပ်ကြည့်လိုက် စားချင်စရာ အသင့်လုပ်ထားတဲ့ ဟင်းလေးတွေက အစီအရီ။
ဘေးက ထမင်းပေါင်းအိုးလေး ဖွင့်လိုက်တော့ ပူနေသေးသည့် ထမင်းဖြူဖြူလေးများ။

ချက်ချင်း အကြောင်းကြားချက်မရှိဘဲ ထဖောက်လာသည့် နှလုံးခုန်သံတွေက တဒိန်းဒိန်း။

I'm Your  Princess  »» CᴏᴍᴘʟᴇᴛᴇᴛᴇᴅWhere stories live. Discover now