"ဒီနေ့ တစ်နာရီမှာ အစည်းအဝေး တတ်ပြီးတာနဲ့ ဥက္ကဌကြီး ကို သုံးနာရီမှာ သွားတွေ့ရပါမယ်၊ ဒါပြီးရင်တော့ ဒီနေ့အတွက်က အထူးတလည် မရှိတော့ပါဘူးဗျ"
"ဟာအို"
"ဗျာ"
"တကယ်ကိုပဲ အဲဲ့ဒီနေ့က ကျွန်တော်မူးပြီး ဟာအို့ကို.."
"လုံးဝ ဘာကိစ္စမှ မဖြစ်ခဲ့ပါဘူးဗျ!!"
"သေချာလား"
"လုံးဝ အသေအချာပါပဲ"
"တကယ်ပဲ ဘာမှမဖြစ်ခဲ့ဘူးပေါ့ အာ...နှမြောစရာပဲ"
"ဗျာ!!"
"မမှတ်မိအောင်ကို ခေါင်းတွေက မူးနေတာ နှမြောစရာမဟုတ်ဘူးလား ?"
"အာ..ဟုတ်"
"တကယ်ပဲ ဘာမှကို"
"ဘာကိစ္စမှကို လုံးဝ မဖြစ်ခဲ့ပါဘူးဗျ"
"ဖြစ်ခဲ့တယ် ထင်နေတာကို"
"ပြောစရာမရှိတော့ရင် ခွင့်ပြုပါဦး"
"ဟင်! ဘယ်သွားမှာလဲ"
"ကျွန်တော့်စားပွဲဆီကို သွားမှာလေ၊ ဘာများပြောစရာရှိသေးလို့လဲမသိဘူး"
"ရတယ် ရတယ်၊ အပြင်ထွက်သွားမှာစိုးလို့ မေးလိုက်တာ ၊ ကျွန်တော်မျက်စိအောက်ရှိနေရင် ရပြီ"
???
"ကော်ဖီသောက်ဦးမလား ဖျော်ခဲ့မယ်"
"ဗျာ!"
"ကျွန်တော် သောက်ချင်နေလို့ ၊ခင်ဗျားအတွက်ပါ တစ်ခွက် ပိုဖျော်ခဲ့မယ်"
"နေပါစေ မသောက်.."
"ကျွန်တော် သောက်ချင်နေလို့ပါဆိုဗျာ ဒီထဲမှာ နှစ်ယောက်ရှိတာ တစ်ယောက်တည်း ထိုင်သောက်နေစရာလား"
"ဒါပေမယ့် ဒုဥက္ကဌပဲလေ ၊ သောက်လို့ရတာပဲကို"
"ခင်ဗျား ကျွန်တော် ဖျော်လာတာကို သောက်ရမယ် အိုခေ?"
လက်ညှိုးနဲ့ လက်မလေး ဝိုင်းကာ အိုခေလားမေးပြီး သူ့ဘာသာ ဆုံးဖြတ်ချက် ချကာ တစ်ဖက်သီးသန့်အခန်းငယ်ထဲကို ဝင်သွားသည့် ကျောပြင်ကို ကြည့်ပြီး ဟာအိုပင် ယောင်တောင်တောင်လေးနှင့် အိုခေကြောင်း ခေါင်းညိမ့်မိ၏ ။
အစကတည်းက ဖျော်ခဲ့လည်း ရတာကို သောက်မှာလားမေးနေသေးသည်။