"ဟာအိုကောကော..တကယ်အမှားကြီး ကျူးလွန်မိပါတယ်၊ မျက်နှာလေးတော့ ပြပါဦး ဟာအိုရယ်"
ယူနာ ရှေ့မှာ အော်မိလိုက်သည့် အပြစ်က အတော်ပင် ကြီးမားသွားသည်။
ဟန်ဘင်းကို မျက်လုံးစိမ်းကြီးနဲ့ တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားတာ ဘယ်လိုပြန်ချော့ချော့ ဟန်ဘင်းကို လှည့်မကြည့်လာပါလေတော့။အိပ်ယာလေးပေါ် စောင်းစောင်းလေး အိပ်နေတဲ့ ဟာအို့ကိုယ်လုံးလေးကို နောက်ကနေ ရင်ခွင်ထဲ ဆွဲသွင်းတော့ အတင်းရုန်းကန်ကာ စောင်ခေါင်းမြှီးခြုံပစ်၏ ။
စောင်ဖြူဖြူအလုံးလိုက်ကို သိမ်းကြုံးပွေ့ဖတ်လိုက်ချင်ပါပေမယ့် အသက်ရှူကြပ်နေမှာစိုးလို့ စိတ်ကူးတွေကို ရုတ်သိမ်းလိုက်ရသည်။"အရက်ရက်တွေကတည်းက ဟာအိုက စိတ်ဆိုးနေလို့ မျက်နှာလေးကို သေချာမကြည့်ရသေးဘူး၊ ခုလည်း ထပ်ကောက်သွားပြန်ပြီ၊ တစ်ပတ်မှာ ရှစ်ရက်လောက် စိတ်ကောက်နေတာက ဟာအို မဟုတ်ဘူးလား..?"
စွာပြီးများ ရန်ထတွေ့မလားလို့ ပြောကြည့်ပေမယ့်လည်း စောင်ပုံလေးက လှုပ်မလာ။
"နောက်သေချာပေါက် ဟာအို့ စကားကိုပဲ နားထောင်မှာမို့လို့ ဒီလိုကိစ္စမျိုး ထပ်မလုပ်တော့ဘူး၊ ယူနာနဲ့လည်း ပြန်ခေါ်လိုက်ပါ့မယ် ဟာအိုက ဒီတစ်ခါလေးပဲ ခွင့်လွှတ်ပေးပါ့လား.. ဟင်. ?"
အသံလေးကို ငယ်ပြီး နောက်တစ်မျိုးချော့ပြောကြည့်ရပြန်သည်။
"ဟာအို မကြိုက်ရင် . အလုပ်ထဲမှာဘဲဖြစ်ဖြစ် အိမ်မှာဘဲဖြစ်ဖြစ် ဟာအို မှားမှားမှန်မှန် နောက်မအော်တော့ဘူးလို့.၊ စောင်ကြီးတော့ အဲလို ခြုံမထားပါနဲ့နော် အသက်ရှူကြပ်လိမ့်မယ်၊ အိပ်ယာပေါ်လည်း ကျွန်တော် မအိပ်တော့ဘူးနော် ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ် နော်..ကော~~"
တကယ်ကြီး စိတ်ဆိုးသွားတာပဲ ဟာအိုက..
ခေါင်းအုံးလေးပိုက်ပြီး ဧည့်ခန်းဆီထွက်ခဲ့ရင်း စိတ်ထဲမှာတော့ တစ်ဦးတည်းသောညီမဖြစ်သူကို မေတ္တာပို့မိသည်။
အိပ်နေကျနေရာ မဟုတ်လို့ ဘယ်လူးညာလှည့်နဲ့ ဘယ်လိုမှ အိပ်မပျော်။
ကြာတော့ အိပ်မရအတူတူ ကျောတွေပူလာရ၏ ။
ဟာအိုများ စောင်ခြုံလျက်ကြီး အိပ်ပျော်နေရင် ချွေးတွေထွက်နေမှာစိုးလို့ သွားကြည့်ဖို့ရန် စိတ်ဆုံးဖြတ်လိုက်သည်။