ဆောင်းဟန်ဘင်းကတော့ ဘေးနားကနေ စာကလေးဌက်လေးလို တကျီကျီနဲ့ပင် သူ့ထက် ငါးမိနစ်ငယ်ပြီး သူနဲ့ လုံးဝမှ မျက်နှာကြောမတည့် သိပ်ချစ်ကြပါသည့် အမြွှာ ညီမလေးဆောင်းယူနာဖြစ်ကြောင်း အကြိမ်ကြိမ်ရှင်းပြပေမယ့် ဟာအိုကတော့ ဘာစကားမှပြန်မပြောဖြစ်။တကယ်တမ်း ထိုအခြေအနေထက် ဟာအို့ကို အကြောင်းမကြားပဲ အပြင်မှာညလုံးပေါက်နေသည့်ကိစ္စကို ပိုပြီး စိတ်တိုနေတာဖြစ်သည်။
ထိုအခြေအနေမှာပင် တစ်ပြိုက်နက်တည်း ဟာအို့စိတ်ကို ဟာအိုနားလည်သွားရသည်။
ထိုကောင်လေးကို မမြင်ခဲ့ရသည့် တစ်ညလေးအတွင်းမှာပင် အတွေးတွေနဲ့ ပူလောင်ခဲ့ရပြီး ထိုကောင်လေးရဲ့ ကိုယ်သင်းနံ့လေးကို ထိတွေ့မိမှသာ အိပ်ပျော်သွားခဲ့မိတာဖြစ်သည်။
လေးနက်တဲ့ ခံစားချက်တွေနဲ့ပင် မသိလိုက်ခင်မှာ ထိုကောင်လေးကို လေးလေးနက်နက်ချစ်မိသွားခဲ့ရပြီ။
သူကလည်း ကိုယ့်လိုခံစားချက်မျိုးနဲ့ ကိုယ့်အပေါ်ဂရုစိုက်မှန်း ချစ်ပေးနေသည်မှန်း သိပါရဲ့နဲ့ကို အမြဲတမ်း ကိုယ်ကပဲ အလျော့ပေးလာရတော့ သည်တစ်ခါတော့ ကိုယ့်ဘက်က မာနစိတ်လေး တင်းခံထားမိချင်ပါသေး၏ ။
ဘယ်လိုပဲ စကားလာပြောနေပါစေ အလုပ်ထဲမှာ လိုအပ်တာပဲ ပြောပြီး ဟာအို့အိမ်မှာ လာနေ,နေသည့် ဆောင်းဟန်ဘင်းကိုတော့ထူးထွေပြီး မရှောင်တော့ဘဲ စကားမပြောခြင်းဖြစ်သာ ဥပေက္ခာပြုထားလိုက်သည်။"တော်လောက်ပြီ.. သုံးရက်ဆို လုံလောက်ပြီ၊ ခု ဒီလောက်နဲ့ပဲ ကျွန်တော့်ကို ဥပေက္ခာပြုတာ ရပ်လိုက်တော့"
'ငါက ဘာကိစ္စ မင်းစကားနားထောင်ရမှာလဲ' ဆိုတဲ့ အကြည့်နဲ့ ဆောင်းဟန်ဘင်းကို တုံ့ပြန်လိုက်ပြီး ညအိပ်ဝတ်ဖို့အတွက် ပေါ့ပေါ့ပါးပါးရှိလောက်မည့် အင်္ကျီလေးကို ထုတ်လိုက်သည်။ ဆောင်းဟန်ဘင်းရှေ့ အင်္ကျီမလဲချင်တာနဲ့ ရေချိုးခန်းထဲ ဝင်ခဲ့တော့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာပြီး ပွတ်သီပွတ်သပ်နဲ့ နောက်ကနေ အတင်းသိမ်းကြုံးပွေ့ဖတ်၏ ။
"မလုံလောက်သေးဘူးလားဗျာ"
"....."
"ကျွန်တော့်ကို ဒီလောက်ပဲ ပစ်ထားပါတော့ ကောရာ"