"ညကျရင် အဖွဲ့မှူးကင်မ်တို့ team က staff party ရှိတယ် ဆို ..ကျွန်တော်ကတော့ သိပ်မသောက်ချင်လို့ စောစောပြန်မှာ ၊ ဟာအိုလဲ ခဏပဲနေပြီး တစ်ခါတည်း ကျွန်တော်နဲ့ ပြန်လိုက်ခဲ့လေ"
"ကျွန်တော့်မှာ ကားပါတယ်လေ ၊ ပြန်ချင်ရင် အရင် ပြန်နှင့်လိုက်ပါ၊ ကျွန်တော်က ဂယူဗင်းတို့နဲ့အတူတူ အိမ်ပြန်နောက်ကျမှာမို့လို့"
အဲလိုသောက်စားမူးရူးပြီး အိမ်အပြန်နောက်ကျမှာစိုးလို့ တစ်ခါတည်း ခေါ်နေတာလေ။
အရည်လေးများ ဝင်သွားရင် သူ့ကို နမ်းပြီး ပွေ့ခေါ်သွားတာတောင် မသိတဲ့ လူကို ဟန်ဘင်းက စိတ်ချလက်ချ ထားခဲ့စရာလား..?ပြီးတော့ ကလေးတွေကလည်း သူ့ကို ထိန်းမယ်မရှိ နိုင်ပုံမရ လွှတ်ထားကြပြီး အဲ့ဂယူဗင်းဆိုတဲ့ တစ်ယောက်အဆိုးဆုံး။
အငယ်တွေက အကြီးကို ပြန်ပြီး အလိုလိုက် အကြိုက်ဆောင်နေကြတာ။
အငယ်ဆုံးဖြစ်တဲ့ ဟန်ယူဂျင်းကတော့ ပြောင်းပြန် သူတို့ကို လိုက်ထိန်းနေရသည်။"အွန်းနော်..အချင်းချင်းနဲ့ ပျော်ပျော်ပါးပါး မသောက်ရတာ ကြာပြီ၊ ဒရိုင်ဘာလီ ကို လည်း စောစော ရုံးဆင်းခိုင်းလိုက်မယ် ၊ ဟာအိုနဲ့ပဲ အတူတူ ပြန်လိုက်တော့မယ်"
"ကျွန်တော်က ဒီနေ့ ဂယူဗင်းဆီ လိုက်အိပ်မှာ ၊ ပြန်ပို့ဖို့က အဆင်မပြေ.."
"ဘာ!! ဘယ်သူနဲ့ လိုက်အိပ်မယ်!!"
အလုပ်စားပွဲခုံပေါ် ဘုန်းခနဲ ရိုက်လိုက်ရင်း စူးစူးရဲရဲ အော်မိလိုက်တော့ ဟာအိုကိုယ်လေးက ထုံးစံအတိုင်း လန့်ဖျပ်ကာ တုန်သွားလေ၏ ။
"အမှန်..အမှန်တော့ ကျွန်တော် သရဲ မကြောက်တတ်ပါဘူး၊ ဒါပေမယ့် ညကျ အိပ်မပျော်တော့ ကြောက်လို့ အဲ့ဒါ.."
"အဲ့ဒါ ကျွန်တော့်ဆီ လာအိပ်လေ"
"ဂယူဗင်းအိမ်က..ဂယူဗင်းအိမ်က ကုမ္ပဏီ နဲ့ အရမ်းနီးလို့"
တစ်ခါမှ ဟာအို့အပေါ် စူးစူးရဲရဲ သည်လို ဒေါသမထွက်ဖူးတဲ့ ဆောင်းဟန်ဘင်းကို ကြည့်ပြီး ဟာအိုက စကားလေးတွေ အထစ်ထစ်အငေါ့ငေါ့ ။
"ဟာအိုက အရမ်းသူစိမ်းဆန်တာပဲ ၊ ကျွန်တော်တောင် သူစိမ်းတွေလို့ မသတ်မှတ်ပဲ တွေ့တွေ့ချင်း ဟာအို့အိမ်ပေါ် တတ်နေခဲ့တာကို ၊ ခုတော့ လူကို စိတ်မကောင်းဖြစ်ရအောင် ဘာလို့ အရမ်းတွေ စိမ်းကားနေရတာလဲ~"