"ဟျောင်း မနေ့က ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လား"
"အင်း ဒီနေ့ နားရက်မလို့သာ တော်တော့တယ် ၊ ခေါင်းကတော့ မထူနိုင်ဘူး"
ဖုန်းထဲကနေ ဟာအိုဟျောင်း အသံ ခပ်အစ်အစ်ကို ကြားကတည်းကပင် ယူဂျင်း ခန့်မှန်းမိပါသည်။
မနေ့ညက ဒုဥက္ကဌ က သူလိုက်ပို့တဲ့အကြောင်းကို မပြောပါနှင့်ဆိုပြီး တားနေလို့သာ မနေ့က နမ်းလိုက်တဲ့ ပုံရိပ်က ယူဂျင်း ရင်ထဲမှာ ကလိကလိနှင့် လုံးဝမှကို မြင်ကွင်းထဲက မထွက်။
ဘာတွေလဲဟုသာ ထုတ်မေးလိုက်ချင်တော့သည်။"ယူဂျင်းလေး အရမ်းပင်ပန်းသွားပြီ ဟျောင်းမူးတိုင်း အမြဲကျောပိုးလာရတာ နောက်မှ ဒီဟျောင်းက ငါတို့ကလေးလေးအတွက် ကြိုက်ရာ.."
"ကျောပိုးတယ်!! ??"
"အင်းလေ ၊ အခန်းထဲထိ ယူဂျင်း လိုက်ပို့တာမဟုတ်ဘူးလား "
"ဗျာ! !"
ဗျာ တစ်လုံးကလွဲလို့ တုံ့ပြန်စရာ စကားလုံး ယူဂျင်း ရှာမတွေ့တော့။
"ယူဂျင်း ဘာခေါင်းလျှော်ရည် သုံးတာလဲဟင် ? မနေ့ညက ယူဂျင်းခေါင်းလေးက အရမ်းမွှေးနေတာသိလား ? အရမ်းမူးနေတာတောင် သင်းသင်းလေးနဲ့ စိတ်ကို လန်းနေတာပဲ ခ်ခ် "
ဟျောင်းရယ်~ လို့သာ ပြောလိုက်ချင်တော့သည်။
"ဟျောင်း နေ့လည်ကျရင် ဂယူဗင်းဟျောင်း နဲ့ လာခေါ်လှည့်မယ် လိုက်မယ်မလား"
"ဟင်! ဘယ်ကိုလဲ ?"
"မေ့သွားပြန်ပြီ ၊ ဟျောင်းပဲ ဟိုတစ်ခေါက် ကျွန်တော်တို့ သွားစားတဲ့ ပင်လယ်စာဆိုင်က စားကောင်းလို့ လိုက်ချင်လို့ဆို"
"အာ..ဟုတ်သား..လိုက်မှာ.. လိုက်မှာ ၊ လာခေါ်နော်"
"အွန်း..အွန်း၊ ထပ်မအိပ်တော့နဲ့ခေါင်းတွေ ကိုက်နေလိမ့်မယ် ရေထချိုးတော့"
"ငါက မင်းထက်အကြီးပါ ဆရာလုပ်လိုက်တာ"
ဖုန်းပြောရင်းတန်းလန်း အခန်းရှေ့က အသံပေါင်းစုံမြည်ကာ တံခါးကိုထုနေတာမို့ ဟာအို အမြန်ချလိုက်ရသည်။
မားကလဲ နားရက် မရောက်လိုက်နှင့် ရောက်တာနဲ့ တစ်ပတ်တစ်ခါ အရံဟင်းစုံစေ့စွာ ထုပ်ပိုးပြီး ဟာအိုဆီ အမြဲတမ်းရောက်လာနေကျ။
ဘယ်တော့မှ ချက်မစားသည့် ဟာအိုကို ကလေးလေးလို ခုချိန်ထိ အစားအသောက်ကစ စိတ်ပူနေတုန်း။
သူ့သားကဖြင့် ငယ်တော့သည့်အရွယ်မဟုတ်။