ဟာအို ထိုနေ့ညက တကယ်ပင် ပလပ်ကျွတ်သွားခဲ့တာဖြစ်ပြီး နိုးလာတဲ့ အနေအထားအရ သူ တကယ်ပဲ ဆောင်းဟန်ဘင်း အပေါ် မှားမိသွားခဲ့ရသည်လား လုံးဝမှမမှတ်မိ။
ထိုနေ့က ဖျားနေတဲ့ ကောင်လေးကို ဆရာဝန်ခေါ်ပြီး ဆေးထိုးလိုက်ရသလို အိမ်မှာတောင် တစ်သက်နဲ့ တကိုယ်မလုပ်ပဲ ကိုယ်တိုင်နေမကောင်းဖြစ်လျှင်တောင် ပေတေနေသည့်လူက ထိုကောင်လေး ဆန်ပြုတ်သောက်ချင်တယ်ဆိုလို့ ပြုတ်တိုက်ရသည်။
အနည်းငယ် ကျဲတောက်နေသည်မှ လွဲ၍ပေါ့။နေမကောင်းမှ လူတအားကပ်ကာ
တအီအီနဲ့ပင် သူ့ပခုံးပေါ်ကိုမှီရင်း ဆေးမသောက်ချင်လို့ငြင်းနေသည့် ကောင်လေးက အလုပ်မှာ တွေ့မြင်နေကျ လူကြီးဟန်လေး ကွယ်ပျောက်ကာ ကလေးလေးနှင့်ပင် တူနေချေတော့သည်။ဖျားနေ၍ ပါးပြင်လေးနှစ်ဖက်က ရဲတောက်နေပြီး အရမ်းကိုမှ လူကပ်နေသည့် ဆောင်းဟန်ဘင်းကို ဘယ်မျက်နှာနဲ့မှ မနေ့ညကအကြောင်းကို မမေးမြန်းနိုင်။
တကောကောနဲ့ အချိန်ပြည့် ညီးနေတာတောင် အာရုံမရောက်နိုင်ပဲ အိပ်ယာပေါ်မှ မဆင်းသည့် ထိုကောင်လေးအလိုကျ အကုန်လိုက်လုပ်ပေးနေရသည်။'အရမ်း နာတာပဲ ကောရာ' လို့ ခပ်တိုးတိုးလေးညီးလိုက်တုန်းကဆို ဟာအို့ကျောပြင်လေးက မတ်ခနဲ ဖြစ်သွားရပြီး မျက်နှာတစ်ပြင်လုံး ရဲတောက်သွားသည့်ထိ အရှက်ပိုမိသွားရသည်။
သူက ဘယ်ကနာနေတာလဲ လို့ ဘယ်လိုလုပ်မေးထွက်ရမှာလဲ ??ဆေးချော့တိုက်ပြီး နေ့ခင်းတရေးအိပ်ခါနီးတောင်မှ ခိုးပြီး မပြန်ရဘူးနော်လို့ ကြိမ်းနေလို့ အိပ်နေသူဘေးမှာပဲ နိုးတဲ့အချိန်ထိ ထိုင်နေမိ၏ ။
ချွေးစလေးတွေ စို့ပြီး အဖျားကျသွားသည့် ပုံကို မြင်ရမှသာ ဟာအိုသက်ပြင်းချနိုင်တော့သည်။နောက်နေ့ထိ ဟာအိုကို အလွတ်မပေးပါသည့် ဆောင်းဟန်ဘင်းကြောင့် အလုပ်တွင် ဒုဥက္ကဌ နှင့် အတွင်းရေးမှူး တစ်ပြိုက်နက်တည်း ခွင့်ယူလိုက်ရတော့သည်။
"ဟာအို အဲ့တာလေး ခွံ့ကျွေး"
'မင်းဘာသာ ယူစားလေ' လို့ ပြောချင်ပေမယ့် မပြောတော့ပဲ တူလေးနဲ့ အသာညှပ်ကာ အသားပေါင်းလေးကို ဆောင်းဟန်ဘင်း ပါးစပ်ထဲ ခွံ့ကျွေးလိုက်သည်။
အလွန်ကိုမှ ရွှင်မြူးသွားဟန် မျက်နှာလေးကိုပြုံးပြီး အစာကို ပါးလေးတစ်ဖက်ဖောင်းကာ ဝါးစားနေသည်က ကလေးလေးလို။
မျက်ဝန်းလေးတွေပါ မှေးစင်းတဲ့ထိ အစာကို အရသာခံဝါးနေရင်း နောက်ထပ် ထပ်ဟလိုက်တာမို့ ဟာအို အလိုက်တသိနှင့် နောက်တစ်ခုယူကျွေးလိုက်သည်။
![](https://img.wattpad.com/cover/373861249-288-k985641.jpg)