3

547 69 6
                                    

နေ့ခင်းပိုင်း မုန့်စားပြန်လာပြီးကတည်းက ခု လူအိပ်ချိန်ထိ ဟာအို့အခန်းပေါက်ကို နှစ်ဆယ့်ရှစ်ခါလောက် တဒီးဒီး ခေါက်ကာ ဝင်ထွက်နေသည့် ဆောင်းဟန်ဘင်းက ခုလည်း ဘာအလိုရှိပြန်ပြီရယ်မသိ။

"ဒုဥက္ကဌ ကျွန်တော် အိပ်ချင်နေပြီဗျ!!"

ဟင်!!

ခေါင်းအုံးပိုက်ကာ ရပ်နေသည့် ပုံစံက မဟုတ်မှ!!

"ဟုတ်တယ် ဒီမှာ လာအိပ်တာ၊မနက်က ဟာအို မြင်တဲ့အတိုင်းပဲ အခန်းထဲမှာ ဘာမှ မရှိ​သေးဘူးလေ"

"ဗျာ!"

"အိပ်ခန်းက ဒီဘက်မလား ?"

"ဟို အားနာပေမယ့် အိပ်ခန်းက တစ်ခန်းပဲပါတာ"

"ရတယ်လေ၊ အတူတူအိပ်ကြတာပေါ့"

"ဗျာ! "

"ဘာလို့လဲ၊ ပြဿနာရှိလို့လား ဒါမှမဟုတ် အိပ်ယာက ကျဥ်းလို့လား"

"ဟို..ဟို.."

"ကျွန်တော်က အိပ်ရေးမကြမ်းဘူးရယ်"

"ဟို..ကျွန်တော်ကတော့ နည်းနည်း.. "

"ဟာအို အိပ်ရေးကြမ်းလည်းရပါတယ်၊ ကျွန်တော့်ကို ဖတ်လို့လည်းရတယ် ခွလို့လည်းရတယ်၊ ကျွန်တော်က စိတ်မဆိုးတတ်ပါဘူး"

ပြောချင်ရာပြောပြီး ခပ်တည်တည်ပင် သူ့အိမ်သူ့ယာလို ဝင်ချသွားတဲ့သူနောက်ကို  ​ယောင်တောင်တောင်လေး နောက်က  လိုက်ပြီး ကြည့်လိုက်တော့  အိပ်ယာပေါ် အခန့်သား။

"ဟို တစ်ယောက်ထဲပဲ လွတ်လွတ်လပ်လပ် အိပ်လိုက်ပါဗျ၊ ကျွန်တော် ဧည့်ခန်းမှာပဲ အိပ်လိုက်ပါ့မယ်"

"အိမ်မှာဆို ဟန်ဘင်းလို့ခေါ်လေ"

"ဗျာ! "

"ဟန်ဘင်းလို့..ဟန်ဘင်း"

"ရပါတယ် အိမ်မှာ အမြဲ  တွေ့မှာမှ မဟုတ်တာ"

"အား...အိပ်ချင်နေပြီ၊ ခေါ်ချင်ခေါ် မခေါ်ချင်နေဗျာ လာအိပ်တော့ "

"ရတယ်..အပြင်မှာပဲ အိပ်..အိပ်.."

စကားပင်မဆုံး​​သေး လက်ကောက်ဝတ်လေးကို ဖျတ်ခနဲ အိပ်ယာပေါ် ဆွဲချလိုက်တာမို့ ဟာအို မွေ့ယာပေါ် ဖရိုဖရဲ ပြိုကျသွားရသည်။

I'm Your  Princess  »» CᴏᴍᴘʟᴇᴛᴇᴛᴇᴅWhere stories live. Discover now