part-4

74 7 3
                                    


သာယာတဲ့မနက်ခင်းလေးတခုတွင်

"It's new ,the shape of your body,
It's blue, the feeling I've got
And it's ooh, whoa oh.....
It's a cruel summer.....
It's cool, that's what I tell 'em No rule in breakable heaven But ooh, whoa oh....
It's a cruel summer With you....."

ဒဏ်ရာအနာအ‌ေတာ်‌ေလးသက်သာလာပြီဖြစ်တဲ့အတွက်ကြောင့် ရောက်ကတည်းကတပတ်လောက်အခန်းထဲမထွက်ပဲနေခဲ့တာကနေ
အိမ်အောက်ဆင်းလေ့လာဖို့အတွက်ဆင်းလာခဲ့သည်။ တပတ်လောက်အိမ်အောက်‌ေတာင်မဆင်းရတာကတော့ ဟိုကောင်လေးက ဒဏ်ရာပြန်ပွင့်လိမ့်မယ်ဘာညာနဲ့ လှေထားထစ်တွေပါ မဆင်းခိုင်းတာကြောင့်ဖြစ်တဲ့အတွက် အခန်းအောင်းနေခဲ့ရတာတစ်ပတ်နီးပါးရှိနေတာပါ အခုတော့ဗိုက်ကလည်းဆာနေပြီဖြစ်တဲ့အတွက်ကြောင့်ရော လုပ်စရာကိစ္စတွေရှိနေသေးတာမလို့ ကြာကြာအနားမယူနိုင်‌ေတာ့တာကြောင့်လည်းဖြစ်သည်။
အိမ်အောက်ရောက်ရောက်ချင်း ထမင်းစားခန်းထဲမှ ထွက်လာတဲ့သီချင်းဆိုသံကြောင့်မျက်ခုံးပင်ပင့်သွားမိသည် ။
အပြုအစု အချက်အပြုတ်အပြင် ဒါမျိုးလည်းရသေးတာပဲလားထိုကောင်လေးက
သီချင်းသံချိုချိုလေးနားထောင်ရင်း ထမင်းစားခန်းဘက်လျှောက်လာခဲ့မိသည်။
သူရောက်လာတာကိုမသိဘူးထင်
Headphones 🎧 တပ် သီချင်းလိုက်ညီးပြီး အေပရွန်လေးဝတ်ထားရင်း ပန်းကန်တွေဆေးရင်းနဲ့ခေါင်းလေးတလှုပ်လှုပ်နဲ့ကောင်လေးက ဒီနေ့လည်း တမျိုးလေးဆန်းသစ်နေပြန်ပါတယ် ဟော ပန်းကန်ဆေးပြီး ကျောပေးရာကနေ လှည့်လာတာတောင်မမြင်‌ေသးတဲ့‌ေကာင်‌ေလး ။
ကောင်လေး မျက်စိရှေ့မှာရှိ‌ေနတဲ့ ဒီကောင်လေးက ဘယ်လိုကောင်လေးပါလိမ့် အတူရှိနေတဲ့ ဒီအပတ်‌အတွင်းကို ပုံစံအမျိုးမျိုးလေးနဲ့ဆန်းသစ်‌တဲ့ခံစားချက်တွေပေးတဲ့ကောင်လေး
လူစိမ်းတွေနဲ့ဆိုဝေး လူရင်းတွေနဲ့တောင်တော်ရုံမပြုံးတဲ့ကိုယ့်ကို ပြုံးစေတဲ့သူ
ထူးဆန်းတဲ့ကောင်လေးပါဗျာ အပြုံးတွေကိုလည်းလှတယ်ဆိုပြီးထိုင်ငေးနေခဲ့တာ
တခါတလေတည်ငြိမ်သလိုလေးနဲ့ တခါတလေကျလည်းအူကြောင်ကြောင်ပုံစံ‌နဲ့

"Every night that summer just to seal My fate...
And I scream..
for whatever it's worth, I love you.. ain't
That the worst thing you ever heard??
He looks up, grinning like a devil.. အမလေး လန့်လန့်လိုက်တာ"
Taylor swift ရဲ့ cruel summer ကို အပြီအပြင်ဟဲနေတဲ့ အချိန်မှာ ထမင်းစားခန်းတခါးကိုမှီပြီး စိုက်ကြည့်နေတဲ့မျက်ဝန်းလှလှလေးကြောင့် လန့်သွားရသည်။

Default Title - ရှင်သန်ခြင်းရပ်ဝန်းငယ်Where stories live. Discover now