part-8

30 9 0
                                    

နွေရာသီရဲ့ညလေး
လရောင်လေးကဖြာကျနေတယ် နွေရာသီရဲ့ညပန်းလေးတွေဆီ
ညမွှေးပန်းရဲ့ရနံ့လေးတွေက နေရာသီရဲ့မူပိုင်လေနွေးလေတွေနဲ့အတူပျံ့လွင့်လျက်
ထိုနည်းတူ ထယ်ယောင်းရဲ့အတွေးတွေလည်းပျံ့လွင့်လျက်

ကြည်‌နူးနေတာလား ဝမ်းသာနေတာလား ဝမ်းနည်းနေတာလား စို့နစ်နေတာလားဆိုတာသူကိုယ်တိုင်တောင်သေချာမစဉ်းစားမိ

"ဟားးး"နွေရာသီမြင်ကွင်းနဲ့လိုက်အောင်ပင်ထွက်လာတဲ့ခြောက်သွေ့နေတဲ့ရီသံ
လက်ကြားထဲတွင်စီးကရက်တစ်လိပ်ညှပ်လျက်
စီးကရက်သောက်တတ်တာလား???
ဆေးလိပ်ကသောက်နေကြလား???ဆိုတာတွေမေးလာရင်တော့ တခါတလေတကယ့်တခါတလေမှသောက်တာပါလို့ဖြေရမယ် ဘယ်လိုမှမနေနိုင်ပဲအထီးကျန်တယ်လို့ခံစားရချိန်တွေ ဆုံးပါးသွားတဲ့အဘွားဖြစ်သူကိုသတိရချိန် ထိုအချိန်တို့ကလွဲမသောက်တတ်တဲ့ကျတော်က အခုထပ်သောက်နေရပြီ အကြောင်းကတော့ ထပ်သောက်စရာအကြောင်းအရာလေးရှိလာ၍ဖြစ်သည်ပေါ့

ထယ်ယောင်းမိမိအ‌ေတွးတွေအားမှုတ်ထုတ်လိုက်တဲ့ စီးကရက်အငွေ့တွေနဲ့အတူ လေထဲတွင်ပျောက်သွားစေချင်သည်။

စို့နစ်ကြေကွဲနေတဲ့ပုံစံကနေ ထပ်ပြီးအချစ်ရိပ်သမ်းနေပုံပျော်ရွှင်နေသလိုပြုံးလာပြန်သည်။
အချစ်ရဲ့မိမိအားအလေးထားသလိုအကြောင်းရာသေးသေးလေးတို့ကြောင့်လား......



Flash back>>>>>>>>>


ညနေက ဂျီမင်းတို့နဲ့တွေ့ခဲ့သည့်စားသောက်ဆိုင်တွင် စာရေးသူမဖော်ပြခဲ့တဲ့ ကင်ထယ်ယာင်း ပတ်ဂျီမင်းနဲ့ ကင်ဆော့ဂျင်ဖြစ်စဉ်

"ကောင်လေးနဲ့တူပါတယ်ကွာ စိတ်လျော့လိုက်ပါသူငယ်ချင်းရာ "စားနေရင်းမပြတ်ပြောလာတဲ့ဂျီမင်း
"ကောင်လေးပဲနေမှာ ဘယ်သူငယ်ချင်းကမှ အဲ့လိုလက်မောင်းဖက် ပါးကပ်ပြိး ချွဲနွဲ့မနေဘူး ပြီးတော့နှစ်ယောက်သားမနှစ်မြို့နေတာလည်းမရှိဘူးပြုံးဖြီးနေတာပဲ စိတ်လျော့လိုက်တော့"
ဘယ်သူကမေးနေလို့လည်းမင်းကိုဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်လည်း အလိုက်မသိတာလားမသိချင်ယာင်ဆောင်ပြီး တမင်ဆက်ပြောနေတာလားမသိတဲ့ဂျီမင်း
နောက်ဆုံးဖြေသိမ့်ရာလေးနဲ့
"ညီအကိုနေရင်နေမှာပေါ့ "လို့ပြောလိုက်မိသည်။ မဖြစ်နိုင်တာသိပေမယ့်လည်း....
"ဒီမယ် ကင်ထယ်ယောင်း အဲ့နှစ်ယောက်မျက်နှာတွေကိုသေချာကြည့်ဘယ်နားကတူလည်း ဟင် အသိစိတ်သေချာကပ်"
"ဒါမဲ့....."ဂျီမင်းပြောမှ အကို့လက်မောင်းကိုဖက်တွယ်ထားသည့်သူရဲ့မျက်နှာကိုသေချာကြည့်မိလိုက်သည်။ ယုန်သွားလေးနဲ့ နှုတ်ခမ်းအောက်မှဲ့လေးနဲ့ တကယ်ချောတဲ့လူချောလေးပဲ ငါ့ထပ်တောင်အရာရာပြည့်စုံနေတဲ့ပုံ
ချောမောမှု ရင်းနှီးမှု ပြီးတော့အကို့ရဲ့ပါးချို့င့်သေးလေးတွေပေါ်အောင်ပါလုပ်နိုင်တဲ့အကို့ဘေးနားကတစ်ယောက်ကြောင့်အားငယ်စိတ်တွေစုပြုံဝင်လာပါသည် ။ မျက်ရည်များတောင်ဝဲတက်လာသလို

Default Title - ရှင်သန်ခြင်းရပ်ဝန်းငယ်Where stories live. Discover now