part-1

157 13 2
                                    

"ပူလိုက်တာ နွေရာသီရယ်
ပူတာလေးသာလျော့လိုက်ရင် အရမ်းအရမ်းကိုပိုသဘောကျမိမှာပဲ"ထယ်ယောင်းခြံထဲအရိပ်‌ေကာင်းတဲ့သစ်ပင်အောက်တွင်ပန်းချီဆွဲရင်းးး ပူလွန်းလှသည့်နွေရာသီအပူရှိန်ကိုညည်းတွားမိနေသည်။လေလေးတိုက်နေသည်မို့တော်‌ပါသေးသည် မဟုတ်ရင်ဖြင့်ဒီနွေအပူကို လေပါမတိုက်ရင် တကယ်‌အပူလွန်ပြိးသေတောင်သေနိုင်သည်ထင်။
"ဒီပန်းချီကတခုခုလိုနေသေးတယ်ကွာ ဘာလိုနေသေးပါလိမ့် ..."နွေအပူအပြင် ဆွဲလက်စပန်းချီကပါတခုခုလိုအပ်နေ‌သလိုဖြစ်နေတာကြောင့် ထယ်ယောင်းစိတ်တိုချင်လာမိသည်။
"ဟူးးးးးး"သက်ပြင်းပါချမိပါသည်။တော်တော်ပူတဲ့နွေရာသီ အအေးဓာတ်လေးသာရှိရင်
"အယ်....အအေးဓာတ်လေးးးဟုတ်သားအအေးဓာတ်လေးးး"ပါးစပ်ကလည်းပြောပြော လက်ကလည်းဆွဲလက်စပန်းချီပေါ်သို့ထပ်မံရောက်ရှိပြန်သည်။

"ပြီးပြီ"ပြိးမြောက်သွားသောကိုယ့်ပန်းချီကားကိုကိုယ်ပြန်ကြည့်မိသည်။
"ထင်တဲ့အတိုင်းပဲ လိုအပ်နေတာအအေးဓာတ်လေးပါဆို"

"ဟျောင့် ထယ်ယောင်း"
"အမလေးးး"ကိုယ့်ပန်းချိကားပေါ်နစ်မြုပ်နေချိန် နောက်မှပုခုံးလာပုတ်တဲ့လက်နဲ့ အသံနဲ့ကြောင့်လန့်သွားရသည်။
"ဟာ...ဂျီမင်းးးလန့်သွားတာပဲကွာ"ဂျီမင်းကကျတော့်ငယ်သူငယ်ချင်း ငယ်ပေါင်းကြီးဖော် ကြီးပေါ့ဗျာ။
"မင်းကလည်းဘာတွေတွေးနေတာ ပန်းချီအသစ်ထပ်ဆွဲထားတာလား ပြဦးငါ့ကိုလည်း"
ပြောရင်းကြည့်ဖို့လုပ်နေသည့်ဂျီမင်းမမြင်ရအောင်ပန်းချီကိုအတင်းကာလိုက်ရသည်။
"ဘာလို့ကြည့်မှာ"
"ဟာ မင်းကလည်းဒါလေးကြည့်တာကို ပုံမှန်လည်းငါကြည့်နေကျကို ဘာဖြစ်နေတာဒီပန်းချီကားကျမှ မှန်မှန်ပြောဘာပုံမလို့"
ဟုတ်သားးသူပြောမှတွေးမိဘာလို့ဒီပန်းချီကိုမမြင်စေချင်နေမိတဲ့မသိဘူးးးးတွေးမိနေရင်း‌ခေါင်းထဲပေါ်လာတဲ့အအေးဓာတ်မြင်ကွင်းလေး တွေးမိရုံနဲ့‌ပြုံးမိပါသည်။
"ငါမေးနေတာကို ဘာတွေ‌ပြုံးနေတာ"
" ဟမ် အေးးးဘာမှမဟုတ်ဘူးးး မကြည့်စမ်းပါနဲ့ ဒါနဲ့မင်းကဘာလာလုပ်တာ"
"ဘာလာလုပ်တာဆို မင်းပန်းချီပြခန်းဖွင့်ဖို့ကြိုးစား‌ေနတဲ့ကိစ္စ အခြေနေဘယ်လိုလည်းလာမေးတာ ငါဘာကူပေးရဦးမလည်း"
"ရပါတယ်ကွာ လိုရင်ပြောပါ့မယ်"
"မင်းမလည်း ဒီလောက်ပူလောင်နေတာကို အပြင်ထွက်ဆွဲနေတယ် အိမ်ထဲအဲယားကွင်းခန်းထဲဝင်ဆွဲပါလားး ဘယ်လောက်သစ်ပင်ရိပ်ကောင်းတယ်ဆိုဆို နေပူရှိန်ဟပ်နေတာကို"ပြောရင်း တော်တော်ပူနေတဲ့ပုံနဲ့ စောင်းလာတဲ့ဦးထုပ်ပါချွတ် ယပ်ခပ်ရင်းပြောနေသည်။
"ငါသဘောကျလို့လေကွာ ကြည့်ကြည့် နွေရာသီမြင်ကွင်းလေးကို သစ်ရွက်ဝါတွေကြွေနေတဲ့မြင်ကွင်း နွေရူးလေဝေ့နေတဲ့မြင်ကွင်းး နွေရာသီပန်းတွေပွင့်နေ‌ေကြွ‌ေနတဲ့မြင်ကွင်းးး တအားသဘောကျစရာလေကွာ"

Default Title - ရှင်သန်ခြင်းရပ်ဝန်းငယ်Where stories live. Discover now